ယူကရိန်းဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရာထူးမှ နုတ်ထွက်
ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Bridget Brink ကို ရာထူးမှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။
Bridget Brink သည် ယူကရိန်းနိုင်ငံတွင် ၃ နှစ်တာ အမေရိကန် သံတမန်အကြီးအကဲအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ပြီးခဲ့သည့်အမေရိကန်အုပ်ချုပ်ရေးအပြောင်းအလဲကာလဖြစ်သည့် ဇန်နဝါရီလက သူမသည် မိမိသဘောဆန္ဒအလျောက် အလုပ်နုတ်ထွက်လွှာကို တင်ပြခဲ့သော်လည်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သူမအား ထိုနေရာတွင် ဆက်လက်ထားရှိရန် မျှော်လင့်ထားပြီး ထိုနုတ်ထွက်လွှာကို ပယ်ချခဲ့ပါသည်။
Brink နေရာကို မည်သူ့ကို လွှဲပြောင်းပေးမည်ကို မသိရသေးသော်လည်း နိုင်ငံခြားရေးဌာန၊ အရှေ့ဥရောပနှင့် မူဝါဒနှင့် ဒေသဆိုင်ရာရေးရာ ဒုတိယလက်ထောက်ဝန်ကြီး Christopher Smith သည် အမည်စာရင်း တင်သွင်းခံရဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက ပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃