အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ  ရုရှားနိုင်ငံသားများအား ဥပဒေအရ စစ်မှုထမ်းစေမည့် ကြေညာချက်တစ်ရပ်ကို သမ္မတပူတင် လက်မှတ်ရေးထိုး

News Image

  • အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ  ရုရှားနိုင်ငံသားများအား ဥပဒေအရ စစ်မှုထမ်းစေမည့် ကြေညာချက်တစ်ရပ်ကို သမ္မတပူတင် လက်မှတ်ရေးထိုး

ရုရှားနိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ နိုင်ငံသားများအား ၂၀၂၅ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ဥပဒေအရ စစ်မှုထမ်းစေမည့် ကြေညာချက်တစ်ရပ်ကို သမ္မတဗလာဒီမာပူတင်က   လက်မှတ်ရေးထိုးခဲ့ကြောင်း မတ်လ ၃၁ ရက်တွင် ထုတ်ပြန်သည့် အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းရေး ကြေညာချက်အရ အသက်ပြည့်မီပြီး အရန်တပ်ဖွဲ့ဝင်မဟုတ်သော ရုရှားနိုင်ငံသားများအနေဖြင့် ယခုနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း   သမ္မတ ပူတင်၏     ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားအစိုးရ၏ အဆိုပါကြေညာချက်အရ စစ်မှုထမ်းအသက်ပြည့်မီသည့် ရုရှားနိုင်ငံသား  ၁၆၀,၀၀၀ ခန့်မှာ ဥပဒေအရ စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  စစ်မှုထမ်းသက်တမ်း ပြည့်မြောက်သွားသည့် စစ်သည်များ၊ ရေတပ်မှ တပ်ဖွဲ့ဝင်များအား ဥပဒေအရ စစ်မှုထမ်းခြင်းမှ နုတ်ထွက်စေမည်ဖြစ်သည်။

ရုရှားနိုင်ငံ၏ ဥပဒေအရ   နိုင်ငံသားများအား  စစ်မှုထမ်းဆောင်စေမည့် ပြဋ္ဌာန်းချက်အား  ပိုမိုကောင်းမွန်လာစေရန်အတွက်  ပြင်ဆင်ချက်များကို ရုရှား ဒူးမားလွှတ်တော်က ယခုနှစ်  မတ်လ ၁၅ ရက်တွင် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Source: https://myawady.net.mm/