မင်္ဂလာတောင်ညွန့်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ
နေပြည်တော် ဇွန် ၁၆
မင်္ဂလာတောင်ညွန့်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲ တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီး ရှေ့တွင် သတင်းအရ မောင်အောင်သန်း (ခ) ကျော်သန်း၊ မောင်ကျော်နိုင်နှင့် သန်းလွင်တို့ သုံးဦးသယ်ဆောင်လာသည့် စက္ကူဂျပ်ဖာပုံးအား စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရွှေပြည်သာမြို့နယ် (၂၀) ရပ်ကွက် မြောင်းမြ (၆) လမ်းရှိ ကျော်နိုင်၏ နေအိမ်ကို ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅ သိန်း ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ သုံးဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
MOI