Victory Day ဒေါ်နယ်ထရမ့် တက်ရောက်မည် မဟုတ်

News Image

  • Victory Day ဒေါ်နယ်ထရမ့် တက်ရောက်မည် မဟုတ်

ရုရှားနိုင်ငံ မော်စကို၌ မေလ ၉ ရက်တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ (Victory Day) အခမ်းအနားသို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မည် မဟုတ်ကြောင်း ကရင်မလင် ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီပက်စကိုဗ်က TASS သတင်းဌာနကို ပြောကြားလိုက် ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံ့အကြီးအကဲများနှင့် အစိုးရခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း ကရင်မလင်က ပြောကြားထားပြီး ဖြစ်ပါသည်။ ထို့ပြင် အခမ်းအနားသို့ ဂုဏ်ပြု တက်ရောက်လိုသူ မည်သူ့ကိုမဆို ရုရှားက ကြိုဆိုကြောင်း   ကရင်မလင် ပြောခွင့်ရက ဆက်လက်ပြောကြားထားပါသည်။

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃