ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အိုမန်နိုင်ငံသို့ သွားရောက်ရန် အိုမန် ဆူလတန်၏ ဖိတ်ကြားချက်ကို ကျေးဇူးတင်စွာ လက်ခံ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အိုမန်နိုင်ငံသို့ သွားရောက်ရန် အိုမန် ဆူလတန်၏ ဖိတ်ကြားချက်ကို ကျေးဇူးတင်စွာ လက်ခံခဲ့ပါသည်။
အိုမန်နိုင်ငံ ဆူလတန် ဟိုင်းသမ် ဘင်တာရက်က် အယ်လ်ဆာအီဒ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား အိုမန်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ရုရှားသမ္မတက ကျေးဇူးတင်စွာ လက်ခံခဲ့ကြောင်းကရင်မလင်နန်းတော်၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားပါသည်။
“အိုမန် ဆူလတန် ဟိုင်းသမ် ဘင်တာရက်က် အယ်လ်ဆာအီဒ်က ရုရှား ဖက်ဒရေးရှင်းသမ္မတ ဗလာဒီမာ ပူတင်၊ ရုရှားအစိုးရနှင့် ပြည်သူများ၏ စိတ်ထားဖြူစင်စွာ လက်ခံကြိုဆိုမှုနှင့် စေတနာပြည့်ဝသော ဧည့်ဝတ်ကျေပွန်မှုအတွက် အထူးကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအား နောက်ထပ်တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိပါစေဟု ဆုတောင်းပို့သကာ သမ္မတဗလာ ဒီမာ ပူတင်အား အိုမန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ ထို ဖိတ်ကြားချက်ကို သမ္မတ ဗလာဒီမာ ပူတင်က ကျေးဇူးတင်စွာ လက်ခံခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ဤဖိတ်ကြားမှုသည် နှစ်နိုင်ငံကြား နိုင်ငံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာစေရန် ရည်ရွယ်သည်ဟု သိရှိရပြီး၊ အိုမန်နိုင်ငံသည် နိုင်ငံ၊ ပြည်နယ်များအကြား ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရှေ့အလယ်ပိုင်းဒေသ၏ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ရုရှားနှင့် သံတမန်ဆက်ဆံရေးကို အထူးအလေးထားလျက်ရှိပါသည်။
ကိုးကား - Tass