အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလ ၁၃ ရက်မှ ၁၆ ရက် အတွင်း ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီး နိုင်ငံများသို့ သွားရောက် လည်ပတ်မည်

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလ ၁၃ ရက်မှ ၁၆ ရက် အတွင်း ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီး နိုင်ငံများသို့ သွားရောက် လည်ပတ်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလ ၁၃ ရက်မှ ၁၆ ရက် အတွင်း အရှေ့အလယ်ပိုင်းသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီးတို့ကို သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်း လီဗစ်တ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။

“သမ္မတ၏ အရှေ့အလယ်ပိုင်းခရီးစဉ်ကို မေ ၁၃ ရက် မှ ၁၆ ရက်အတွင်း ပြုလုပ်မည်ဖြစ်ပြီး ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီးနိုင်ငံများသို့ သွားရောက်မည်ဟု အတည်ပြုပြောကြားနိုင်ပါသည်” ဟု ၎င်းမှ ဖော်ပြ ခဲ့ပါသည်။

မတ်လတွင် ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ရုရှားဖက်ဒရေးရှင်းသမ္မတ ဗလာ ဒီမာပူတင်တို့သည် ဆော်ဒီအာရေဗျတွင် တွေ့ဆုံနိုင်သည့် ဖြစ်နိုင်ခြေကို မပယ်ရှားနိုင်ကြောင်း၊ သို့သော် မျက်နှာချင်းဆိုင် ထိပ်သီးအစည်းအဝေး ကျင်းပမည့်နေရာနှင့်ပတ်သက်၍ တိကျသော အသေးစိတ် အချက်အလက် များမရှိသေးကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ၏ အထူး သံတမန် စတီဗင် ဝစ်ကော့ဖ်က ဘလွန်းဘာ့ဂ် သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် ရုရှား-အမေရိကန်ထိပ်သီးအစည်းအဝေးကို ဆော်ဒီ အာရေဗျတွင် ကျင်းပနိုင်သည်ဟု ယူဆပြောကြားခဲ့သည်။ ၎င်းက သမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်စား ၎င်းအနေဖြင့် ပြောဆိုနိုင်စွမ်းမရှိသော်လည်း ထိုနေရာတွင် ဖြစ်နိုင်ခြေအများဆုံး ဟု မိမိယုံကြည်သည်” ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကိုးကား - Tass

Photo: Al Arabiya