တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပ

News Image

  • တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပ
  • တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပ

၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး ၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၂၂ရက်နေ့ နံနက် (၁၀) နာရီက တံတားဦးမြို့ မြို့နယ်ခန်းမ၌ ကျင်းပကြောင်းသိရသည် ။

အခမ်းအနားတွင် တံတားဦးမြို့နယ် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက အမှာစကားပြောကြားရာတွင် ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေး မြေငလျင်ကြီးကြောင့် ပြည်သူများအတွက် အလွန်ပင်စိတ်မကောင်းဖြစ်မိပါကြောင်း၊ ထို့အပြင် ပြည်သူများ အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အချိန်မီဆောင်ရွက်ပေးနိုင်သကဲ့သို့ ကူညီရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ရှင်းလင်းဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထိုနည်းတူ ပြည်သူ များအတွက် နေထိုင်ရေး ၊ အစားအသောက် ၊ လူသုံးကုန်ပစ္စည်းများ ရရှိရေးတို့ကိုလည်း အချိန်မီ ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကိုလည်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့်  အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် အလှူရှင်များမှ ထောက်ပံ့သောပစ္စည်းများကို ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ဖြန့်ဖြူးထောက်ပံ့ ပေးစေလိုကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည် ။

ဆက်လက်၍ တံတားဦးမြို့နယ် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများ ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ‌ ထောက်ပံ့ပေးအပ်ကြသည်။

တံတားဦးမြို့နယ်အနေဖြင့် ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် တံတားဦး မြို့နယ်အနေဖြင့် လုံးဝပျက်စီးသည့်အိမ်ပေါင်း (၈၁၆) အိမ် ၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့်အိမ်ပေါင်း (၁၀၄၅) အိမ် ရှိပါကြောင်း ပျက်စီးဆုံးရှုံးသည့်အိမ်များအတွက် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ စားသောက်ကုန်များ၊ ဆေးဝါးပစ္စည်းများ ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများ၊ကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ပေးပို့သူ- ဦးရဲတင့်( ပြန်/ဆက်)