မန္တလေးငလျင်ကြီးအပြီး ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းများ ဈေးကျနေကာ မြေကွက်အရောင်းဖြစ်နေ

News Image

  • မန္တလေးငလျင်ကြီးအပြီး ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းများ ဈေးကျနေကာ မြေကွက်အရောင်းဖြစ်နေ

ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးအပြီးတွင် ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းများ ဈေးကျနေကာ မြေကွက် အရောင်း ဖြစ်နေကြောင်း NP News အိမ်ခြံမြေအကျိုးဆောင်အချို့ထံ မေးမြန်းထားချက်များအရ ကနဦးသိရသည်။ “အရောင်းက မြေကွက်ကိုပဲ ပိုလိုက်တယ်။ တိုက်ခန်းအေးသွားတယ်။ အစ်မတို့တောင် တစ်လ တစ်ခန်းတောင် မနည်းရောင်းရတယ်။ မြေကွက်ကတော့ ဝယ်ကြတယ်။ မြောက်ဒဂုံတို့၊ မှော်ဘီတို့ အခြားနေရာတွေ မြေကြီးတွေကတော့ ရောင်းကြရတယ်ပြောတယ်။ အထပ်မြင့်ကတော့ ငလျင်ကြောင့်ကို ဈေးတွေသာ နည်းနည်း လျော့တာ။ လောလောဆယ်မှာကို တချို့တွေက‌ လျော့ရောင်းတယ်။ တချို့က လျော့မရောင်းဘူး။ အေးတာက ငလျင်ကြောင့် မဟုတ်ဘူး။ဒီဇင်ဘာထဲက အေးတာ။ အခုကျတော့ ငလျင်ကြောင့်သာ အထပ်မြင့်တွေ၊ ကွန်ဒိုတွေ လူတွေက ကြောက်ကြတာလေ” ဟု ကြည့်မြင့်တိုင်မြို့နယ်မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောသည်။ လက်ရှိဈေးကွက်အနေအထားအရ တိုက်ခန်းအငှားဈေးကွက်မှာ ပိုမိုအလုပ်ဖြစ်နေပြီးအလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် လေးသိန်းဝန်းကျင်ရှိသော တိုက်ခန်းများ အငှားသွက်နေကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် ယခင်က မြေညီထပ်တစ်ခန်းလျှင် ငွေကျပ်သိန်း ၃၀၀၀ ကျော် ပေါက်ဈေးရှိပြီး ယခုလက်ရှိတွင် ၂၂ ပေကို သိန်း ၂၄၀၀ လျော့ချ ထားသော်လည်း ဝယ်သူမရှိကြောင်း တောင်ဥက္ကလာပမြို့နယ်တွင် အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောသည်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် အထပ်မြင့်တိုက်ခန်းများတွင် နေထိုင်ရန် စိုးရိမ်ပူပန်မှုများရှိနေကြောင်း နှင့် ယခုဧပြီလကုန်ပြီးပါက အရောင်း၊ အဝယ်၊ အငှားဈေးကွက်သည် ပုံမှန်အခြေအနေဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကိုးကား-NP News