ဟီမာချယ်ပရာဒေ့ရှ်၌ မုတ်သုံမိုးကြောင့် လူ ၃၄ ဦးသေဆုံးထား
အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဟီမာချယ် ပရာဒေ့ရှ်ပြည်နယ်၌ ပြီးခဲ့သည့် ကိုးရက်အတွင်း မုတ်သုံမိုးရွာသွန်းမှုနှင့်ဆက်စပ်၍ အနည်းဆုံးလူ ၃၄ ဦးသေဆုံးပြီး လေးဦးပျောက်ဆုံးကာ ၇၄ ဦး ဒဏ်ရာရရှိထားကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၉ ရက်တွင်ပြောသည်။
ထိုသို့သော ရက်အနည်းငယ်အတွင်း ပြင်းထန်သော ရာသီဥတုနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများမှာ အမေရိကန် ဒေါ်လာ ၈ ဒသမ ၃၂ သန်းအထိရှိမည်ဟု ခန့်မှန်းရကြောင်း ပြည်နယ်အရေးပေါ်လုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ပြည်နယ်အတွင်းရှိ မြစ်များ၊ ချောင်းများတွင် ရေအမှတ်များ မြင့်တက်လျက်ရှိပြီး မိုးရွာသွန်းမှုနှင့် အတူဖြစ်ပွားသော မြေပြို မှုများကြောင့် လမ်းပေါင်း ၄၀ နီးပါးမှာ ပိတ်ဆို့လျက် ရှိကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လာမည့်နှစ်ရက်အတွင်း မိုးရွာသွန်းမှု အခြေအနေသည် ပုံမှန်သည်းထန်မှုထက် အလွန်သည်းထန်လာနိုင်သောကြောင့် မိုးလေဝသဌာနက လိမ္မော်ရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။
MWD Web Portal