ပါကစ္စတန်၌ ရုတ်တရက်ရေကြီးမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေး ၁၆ ဦးအပါအဝင် လူ ၃၂ ဦးသေဆုံး
ပါကစ္စတန်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း ရုတ်တရက်ရေကြီးမှုနှင့် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ကလေးငယ် ၁၆ ဦးအပါအဝင် လူ ၃၂ ဦးသေဆုံးကြောင်း သဘာဝဘေးစီမံခန့်ခွဲရေး တာဝန်ရှိသူများက ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
သဘာဝဘေးကြောင့် သေဆုံးရသူများထဲတွင် ရေကြီးမှုနှင့် ဆက်စပ်၍ဖြစ်ပွားသည့် နံရံပြိုကျမှုများနှင့် မိုးကြီးမှုနှင့်ဆက် စပ်၍ဖြစ်ပွားသည့် အိမ်ခေါင်မိုးပြိုကျမှု များကြောင့် သေဆုံးသူများလည်း ပါဝင်ကြောင်း သက်ဆိုင်ရာဒေသများမှ တာဝန် ရှိသူများကပြောသည်။
ထို့ပြင် ပါကစ္စတန်နိုင်ငံအတွင်း မိုးကြီးမှုနှင့် ရေကြီးမှုတို့သည် ဇူလိုင်လ ၁ ရက် အထိ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။
ပါကစ္စတန်နိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်သည့် သဘာဝဘေးကို အဆိုးဆုံးခံစားရသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။
ပြီးခဲ့သည့်မေလတွင် ထိုနိုင်ငံ၌ မိုးသက်မုန်တိုင်းများ ကျရောက်ခြင်း၊ မိုးသီးများ ကြွေကျခြင်းတို့အပါအဝင် ပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များကြောင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံးထားကြောင်း သိရသည်။
MWD Portal