နျူကလီးယားသဘောတူညီချက်အတွက် Eurotroika နှင့် မေ ၂ ရက် တွင် ရောမ၌ တွေ့ဆုံရန် အီရန်က အဆိုပြု
အီရန်နိုင်ငံသည် အမေရိကန်နှင့် ဆွေးနွေးမှုများ ပြန်လည်မစတင်ခင် ၂၀၁၅ နျူကလီးယားသဘောတူညီချက်တွင် ပါဝင်သည့် ဥရောပနိုင်ငံများ နှင့် မေ ၂ ရက် (သောကြာနေ့) တွင် ရောမမြို့၌ တွေ့ဆုံရန် အဆိုပြုထားကြောင်း သံတမန်လေးဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါသည်။
အီရန်သည် Eurotroika (E3) ဟု သိကြသော ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ တို့ထံ ထိုသို့အဆိုပြုထားခြင်းမှာ အောက်တိုဘာလတွင် သက်တမ်း ကုန်ဆုံးမည့် အီရန်အပေါ် ချမှတ်ခဲ့သည့် ကုလသမဂ္ဂ ပိတ်ဆို့ အရေးယူမှုများ ထပ်မံ၍ အသက်သွင်းနိုင်ခြေကိစ္စနှင့်စပ်လျဉ်း၍ ဥရောပ၏ သဘောထားကို အကဲဖြတ်လိုသည်ဟုလည်း ယူဆရပါသည်။
ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ Eurotroika အဖွဲ့သည် ယခု အဆိုပြုချက်ကို ယခုအချိန်အထိ တုံ့ပြန်မှုမပြုသေးကြောင်း သိရပါသည်။
ကိုးကား- TASS
Photo: eu.iz.ru
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃