ယူကရိန်းသည် ကမ္ဘာ့အကျင့်ပျက်ခြစားဆုံး နိုင်ငံများထဲမှ တစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း အမေရိကန်လုံခြုံရေးအကြံပေး Mike Waltz ပြောကြား

News Image

  • ယူကရိန်းသည် ကမ္ဘာ့အကျင့်ပျက်ခြစားဆုံး နိုင်ငံများထဲမှ တစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း အမေရိကန်လုံခြုံရေးအကြံပေး Mike Waltz ပြောကြား

ယူကရိန်းသည် အမေရိကန်အခွန်ထမ်းများ၏ ဘီလီယံချီငွေကြေး ထောက်ပံ့မှုရရှိထားသော်လည်း ကမ္ဘာ့အကျင့်ပျက်ခြစားဆုံး နိုင်ငံများထဲမှ တစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Mike Waltz က Fox News နှင့်အင်တာဗျူးတွင် ဝေဖန်ခဲ့ ပါသည်။ 

“ယူကရိန်းက ယခင်ကရော ယခုအချိန်တွင်ပါ အကျင့်ပျက်ခြစားမှု အမြင့်ဆုံးနိုင်ငံများထဲက တစ်နိုင်ငံပါ၊ အမေရိကန် အခွန်ထမ်းများ၏ငွေများကို ကာကွယ်ရန် မိမိတို့ အမြဲဂရုစိုက်ရမည်၊ ထိုနိုင်ငံသို့ အမေရိကန်၏ ဘီလီယံချီငွေများ စီးဝင်နေသည်” ဟု ၎င်းက ပြောကြားခဲ့သည်။ 

ဇီလန်စကီးသည် အမေရိကန်နှင့် သတ္တုနှင့် ဓာတ်သတ္တု သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ဒေါ်နယ်ထရမ့်နှင့် ပူးတွဲလုပ်ဆောင်မှုကို ပြသမှုပြုနိုင်မည့်အစား အငြင်းပွားဖွယ်ရာဖြစ်စဉ်များကိုသာ ဖန်တီးခဲ့သည်ဟု Waltz က မှတ်ချက်ပြုခဲ့ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃