Tesla CEO အသစ် ရှာပုံတော်ဖွင့်
အမေရိကန် ကားထုတ်လုပ်ရေးကုမ္ပဏီ တက်စလာ (Tesla) ၏ ဒါရိုက်တာ ဘုတ်အဖွဲ့သည် တည်ထောင်သူ အီလွန်မက် (Elon Musk) အား အစားထိုးရန် အမှုဆောင်အရာရှိချုပ်(စီအီးအို) အသစ်ရှာဖွေရန် စတင် လုပ်ဆောင်နေပါသည်။
တက်စလာ၏ စတော့ရှယ်ယာဈေးနှုန်းနှင့် အမြတ်ငွေများ ကျဆင်းလာမှုများကြောင့် ယင်းဆုံးဖြတ်ချက်ချမှတ်ရခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရပါသည်။
တက်စလာ ရင်းနှီးမြှုပ်နှံသူအချို့က မက်သည် အစိုးရ၏ စွမ်းဆောင်ရည်ဌာန (DOGE) ၏ ခေါင်းဆောင်အဖြစ် အလုပ်အလွန်များပြားနေပြီး ကုမ္ပဏီ လုပ်ငန်းတာဝန်များကို အာရုံစိုက်နိုင်ခြင်းမရှိဟု ယုံကြည်နေကြပါသည်။ အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မက်၏ သဘောထားကို ဖော်ပြထားခြင်း မရှိချေ။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category