ရန်သူ့တင့်များကို ထိရောက်စွာဟန့်တားမယ့် လေပေါ်ကွဲမိုင်းအသစ်များ

News Image

  • ရန်သူ့တင့်များကို ထိရောက်စွာဟန့်တားမယ့် လေပေါ်ကွဲမိုင်းအသစ်များ

Textron System Corporation က အမေရိကန်ကြည်းတပ်အတွက် XM204 ဆိုတဲ့ လေပေါ်ကွဲမိုင်းအသစ်များကိုထုတ်လုပ်ပေးလိုက်ပါပြီ။ မကြာသေးမီက အဲဒီမိုင်းတွေကို လက်တွေ့စမ်းသပ်မှုအောင်မြင်စွာလုပ်ဆောင်ပြီး‌နောက် အခုလိုမျိုး ထုတ်လုပ်ခွင့်ရရှိလာတာဖြစ်ပါတယ်။

XM204 ဆိုတဲ့မိုင်းမျိုးက အဓိကအားဖြင့် တင့်ဖျက်မိုင်း သဘောမျိုးအသုံးဝင်မယ့်မိုင်းဖြစ်ပါတယ်။ တင့်ဖျက်မိုင်းဖြစ်ပေမယ့် မြေထဲမှာမြှုပ်ထားခြင်းအားဖြင့် တင့်များရဲ့ချိန်းကြိုးကိုပျက်စီးစေမယ့် မိုင်းမျိုးမဟုတ်ပါဘူး။ တင့်ရဲ့အရေးပါတဲ့  ဆုံလည်လိုနေရာမျိုးကိုတိကျမှုရှိစွာထိမှန်စေမယ့်မိုင်းမျိုးဖြစ်ပါတယ်။

ဒါ့အပြင်သူ့ရဲ့ထူးခြားချက်နောက်တစ်ခုက  XM204 ဟာ ပစ်မှတ်တွေကိုဖျက်ဆီးရုံသာမက ရန်သူရဲ့လှုပ်ရှားမှုကိုပါ ထိန်းချုပ်နိုင်စွမ်းရှိစေမယ့် မိုင်းအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ရန်သူတွေအနေနဲ့ လမ်းကြောင်းပေါ်ကနေဖြတ်သန်းမလာအောင်၊ တောင်တန်းတွေကနေပတ်ပြီးမသွားအောင်၊ ပြောရမယ်ဆိုရင် သတ်ကွင်းထဲကနေသာသွားရအောင် စွမ်းဆောင်ပေးနိုင်မယ့် လက်နက်တစ်မျိုးဖြစ်တာကြောင့် တိုက်ပွဲအလှည့်အပြောင်းဖြစ်စေမှာဖြစ်ပါတယ်။

Ref: IE K.H

Source: https://myawady.net.mm/