Kherson ဒေသရှိ ဒုတိယကမ္ဘာစစ် အာဇာနည် အထိမ်းအမှတ်နေရာကို ယူကရိန်းတပ်များက တိုက်ခိုက်
ယူကရိန်းတပ်များသည် ရုရှားပိုင် Kherson ဒေသ ၏ Brilyovka ကျေးရွာ ရှိ ဒုတိယကမ္ဘာစစ် သူရဲကောင်းများ၏ အာဇာနည်ဗိမာန်အား ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Kherson မြို့တော်ဝန်Vladimir Saldoက ပြောကြားလိုက်ပါသည်။ ယခုလုပ်ရပ်မှာ အလွန်အမင်း ရက်စက် ကြမ်းကြုတ်ပြီး ယဉ်ကျေးမှုအမွေအနှစ် ဖျက်ဆီးမှုတစ်ခုဖြစ်သည်ဟု Saldo က ၎င်း၏ Telegram တွင် ရေးသားဖော်ပြခဲ့ပါသည်။
ယူကရိန်းတပ်များသည် Alyoskhi, Kakhovka, Velikaya Lepetikha, Gornostayevka အပါအဝင် ကျေးရွာအမြောက်အမြားကိုလည်း ဒုံးကျည် ဖြင့် ပစ်ခတ်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့် Alyoshkinsky နှင့် Velikolepetikhinsky ဒေသများတွင် သစ်တောမီးလောင်မှု ၂ ခု ဖြစ်ပွားကာ စုစုပေါင်း ၀.၃ ဟက်တာ အကျယ်အဝန်း ပျက်စီးသွားပါခဲ့သည်။
ထို့ပြင် Topolyovka ကျေးရွာရှိ အိမ်တစ်လုံး ပျက်စီးခဲ့သည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃