ယူကရိန်းက ၃၀ ကီလိုမီတာရှိ စစ်ကင်းမဲ့ဇုန် လိုလားကြောင်း UN ကိုယ်စားလှယ်ပြောကြား

News Image

  • ယူကရိန်းက ၃၀ ကီလိုမီတာရှိ စစ်ကင်းမဲ့ဇုန် လိုလားကြောင်း UN ကိုယ်စားလှယ်ပြောကြား

ယူကရိန်းအစိုးရသည် လက်ရှိတိုက်ပွဲမျဉ်းတလျှောက် ပဋိပက္ခ ကင်းမဲ့မည့် ကီလိုမီတာ ၃၀ ရှိ စစ်မဲ့ဇုန်တစ်ခု ထူထောင်ရန် ဆန္ဒရှိနေကြောင်းအမေရိကန်သမ္မတ၏ ယူကရိန်းကိုယ်စားလှယ် Keith Kellogg က ပြောကြားလိုက်ပါသည်။ 

Fox News နှင့် တွေ့ဆုံခန်းတွင် Kellogg က ယူကရိန်းဘက်က လက်ရှိ တည်နေရာတွင် ပဋိပက္ခကင်းမဲ့ရန် (ယာယီအပစ်အခတ်ရပ်စဲမှု)နှင့် စစ်မဲ့ဇုန်ထူထောင်ရန် ဆန္ဒရှိနေသည် ဟု ရှင်းပြခဲ့ပါသည်။ 

Kellogg ၏ အဆိုအရ ကိယက်အစိုးရသည် နှစ်ဖက်စလုံးမှတပ်များကို တိုက်ပွဲမျဉ်းမှ နောက်သို့ ကီလိုမီတာ ၁၅ အကွာစီ ဆုတ်ခွာစေပြီး စောင့်ကြည့်နိုင်သည့် ကီလိုမီတာ ၃၀ ရှိ စစ်မဲ့ဇုန်ဖန်တီးရန် အဆိုပြုထားပါသည်။ 

ကိုးကား- TASS

Photo: iz.ru

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃