ပါကစ္စတန်သည် အကြမ်းဖက်သမားများနှင့်ပတ်သက်၍ ကမ္ဘာကို လှည့်ဖြားနေကြောင်း စစ်ရေးစတင်ဆင်နွှဲပြီးနောက် အိန္ဒိယ စွပ်စွဲ
ပါကစ္စတန်သည် ၎င်းနယ်မြေပေါ်ရှိ အကြမ်းဖက်သမားများနှင့်ပတ်သက်၍ ကမ္ဘာကို လှည့်ဖြားနေသည်ဟု အိန္ဒိယက ယုံကြည်နေကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Vikram Misri က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။
အကြမ်းဖက်သမားများသည် ပါကစ္စတန်နယ်မြေတွင် ပုန်းအောင်းနေကြကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်သည် Financial Action Task Force (FATF) ကဲ့သို့သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများကို ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားနေသည်မှာ လူသိရှင်ကြားဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက မေလ ၆ ရက်နေ့ ညနှောင်းပိုင်းတွင် Operation Sindoor ကို စတင်ခဲ့ပြီး ပါကစ္စတန်ရှိ ပစ်မှတ် ၉ ခုကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။
ကိုးကား-TASS
Photo: The Hindu
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category