ဗြိတိန်တောင်တက်သမားများက ဇီနွန်ဓာတ်ငွေ့ အသုံးပြုပြီး ဧဝရတ်တောင်ပေါ်သို့ စံချိန်တင်အချိန်တိုအတွင်း တက်ရောက်နိုင်

News Image

  • ဗြိတိန်တောင်တက်သမားများက ဇီနွန်ဓာတ်ငွေ့ အသုံးပြုပြီး ဧဝရတ်တောင်ပေါ်သို့ စံချိန်တင်အချိန်တိုအတွင်း တက်ရောက်နိုင်

ဗြိတိန်တောင်တက်သမားများက ဇီနွန် ဓာတ်ငွေ့အသုံးပြုပြီး မေလ ၂၁ ရက်တွင် ဧဝရတ်တောင်ပေါ်သို့ စံချိန်တင် အချိန်တိုအတွင်း တက်ရောက်နိုင်ကြောင်း စူးစမ်းလေ့လာရေးခရီးသွား ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

သာမန်အားဖြင့် တောင်တက်သမားများသည် ဧဝရတ်တောင်ပေါ်သို့ တက်မည်ဆိုပါက ခန္ဓာကိုယ်အခြေအနေနှင့် တောင်ပေါ်ပတ်ဝန်းကျင် အခြေအနေတို့ သဟဇာတဖြစ်စေရန်  အချိန်ပေးရသောကြောင့် သီတင်းပတ်ပေါင်း များစွာကြာမြင့်လေ့ရှိသည်။

ဗြိတိန်တောင်တက်သမားများသည် ဧဝရတ်တောင်တက် ခရီးမသွားခင် ဇီနွန် ဓာတ်ငွေ့ကို ရှူပြီးနောက် အမြင့်ပေ ၈၈၄၈ မီတာရှိသည့် ဧဝရတ်တောင်ကို ငါးရက် ပင်မကြာဘဲ တက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ခရီးစဉ်ကို စီစဉ်သူ လူးကတ်ဖာတန်ဘတ် ကပြောသည်။

ယင်းဓာတ်ငွေ့က တောင်တက်သမားများကို အချိန်တိုအတွင်း ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေကာ တောင်ပေါ်တက်စဉ် ဖြစ်ပေါ်လေ့ရှိသည့်   ဝေဒနာကိုလည်း သက်သာစေသောကြောင့် ၎င်းတို့အနေဖြင့် အချိန်တိုအတွင်း ဧဝရတ်တောင်ပေါ်သို့ တက်နိုင်ခြင်းဖြစ်သည်။

Source: Myawady Web Portal