ဆန်ဒီယေဂိုမြို့၌ လေယာဉ်တစ်စင်းပျက်ကျ နေအိမ် ၁၅ လုံးမီးလောင်
အမေရိကန်ပြည်ထောင်စုရှိ ဆန်ဒီ ယေဂိုမြို့၌ မေလ ၂၂ ရက်နံနက်ပိုင်းတွင် ၊ လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွား ရာ နေအိမ် ၁၅ လုံးနှင့် မော်တော်ယာဉ် များ မီးလောင်ပျက်စီးသွားကြောင်းနှင့် ရပ်ကွက်လမ်းများရှိပြည်သူများကိုဘေး လွတ်ရာသို့ရွှေ့ပြောင်းပေးလိုက်ရကြောင်း တာဝန်ရှိသူများကပြောသည်။
လက်ရှိအချိန်အထိ သေဆုံးသူအရေ အတွက်ကိုမသိရသေးကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့၏အဓိကဦးတည်ချက်မှာ နေအိမ်များတွင်ပိတ်မိနေသူများကိုကယ်
ဆယ်ရန်နှင့် လူတိုင်းကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ပျက်ကျမှုဖြစ်ပွားသည့်လေယာဉ်မှာ Cessna 550 အမျိုးအစားဖြစ်ကြောင်း၊ ယင်းလေယာဉ်တွင် လူခြောက်ဦးမှ ရှစ်ဦး အထိလိုက်ပါနိုင်ကြောင်း၊ သို့သော် ယခုပျက်ကျမှုဖြစ်ပွားသည့်လေယာဉ်၌ လူဦးရေမည်မျှ လိုက်ပါလာသည်ကို မသိရသေးကြောင်း တာဝန်ရှိသူများက ပြောထားသည်။
Ref: SCMP
Source: Myawady Web Portal