စင်ကာပူဝန်ကြီးချုပ် လောရမ့်စ်ဝေါင် (Lawrence Wong) ၏ အမြော်အမြင်

News Image

  • စင်ကာပူဝန်ကြီးချုပ် လောရမ့်စ်ဝေါင် (Lawrence Wong) ၏ အမြော်အမြင်

စင်ကာပူဝန်ကြီးချုပ် လောရမ့်စ်ဝေါင်သည် ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိပြီး အစိုးရအသစ်ဖွဲ့စည်းလျက်ရှိပါသည်။ စင်ကာပူအစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်မည့် ဝန်ကြီးချုပ် လောရမ့်စ်ဝေါင်က လက်ရှိကမ္ဘာ့အခြေအနေအရပ်ရပ် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နှစ်နိုင်ငံတို့၏ စီးပွားရေးအရအားပြိုင်မှုများကို အထူးအလေးထား ပြောကြားလျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နှစ်နိုင်ငံတို့၏ စီးပွားရေးအရ စစ်ရေးအရ နိုင်ငံရေး အရ အင်အားပြိုင်ဆိုင်မှုများမှ ပေါ်ထွက်လာခဲ့သည့် အခက်အခဲအကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားရန်ကိုလည်း စင်ကာပူဝန်ကြီးချုပ်က အထူးသတိပေးပြောကြားခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏ အင်အား ပြိုင်ဆိုင်မှုက ဆက်လက်ပေါ်ထွန်းနေဦးမှာဖြစ်ကြောင်းနှင့် အင်အားကြီး နှစ်နိုင်ငံအကြားမှာရှိသည့် ပြိုင်ဆိုင်မှုများကြောင့် တတိယနိုင်ငံများ၊ အခြားဒေသတွင်းနိုင်ငံငယ်များအနေဖြင့် လိုအပ်သည်များ ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် တစ်နိုင်ငံချင်းသော်လည်းကောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်းသော်လည်းကောင်း ဖြစ်ပေါ်လာမည့် အခက်အခဲ၊ အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားရန် အစီအမံများ ဆောင်ရွက်ထားသင့်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ အမေရိကန် တရုတ်နှစ်နိုင်ငံပြိုင်ဆိုင်မှုကြောင့် ကမ္ဘာ့စီးပွားရေးမှာ ဆုတ်ကပ်အဖြစ်ပေါ်ထွက်လာနိုင်ဖွယ်များရှိနေကြောင်း၊ အဆိုပါ ဆုတ်ကပ်အပေါ် ကြံ့ကြံ့ခိုင် ရင်ဆိုင် ကျော်လွှားနိုင်ရေးအတွက် နိုင်ငံငယ်များအနေဖြင့် ယခုကတည်းက ကြိုတင်ပြင်ဆင်မျှော်မှန်းထားရန် လိုအပ်ကြောင်း ကိုလည်း အထူးအလေးထား ထုတ်ဖော်ပြောကြားခဲ့ပါသည်။ Economic Recession စီးပွားရေးဆုတ်ကပ်သည် ပျက်ကပ်မလာမီမှာ ဆုတ်ကပ်လာလေ့ရှိသည့်အတွက် ဆုတ်ကပ်အတွက် ကြိုတင်ပြင်ဆင်ထားမှသာ ပျက်ကပ်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း လေ့လာသူများက ထုတ်ဖော်ပြောကြားလျက်ရှိပါသည်။ အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အထူးသဖြင့် ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း စသည့် နိုင်ငံများ၏ အခန်းကဏ္ဍကလည်း ပိုမိုအရေးပါလာမည် ဖြစ်ကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ စင်္ကာပူ ဝန်ကြီးချုပ် လောရမ့်စ်ဝေါင်၏ ပြောကြားချက်များသည် ကမ္ဘာ့နိုင်ငံများအတွက် အကျိုးရှိဖွယ်ပြောကြားချက်များဖြစ်ပါကြောင်း လေ့လာတင်ဆက်အပ်ပါသည်။

နိုင်ငံတကာရေးရာလေ့လာသူ- ကြည်စိုးလင်း

Ref - PRIME MEDIA Myanmar

News Video