ဂရိရှိ Crete ကျွန်းတွင် ၆.၂ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်

News Image

  • ဂရိရှိ Crete ကျွန်းတွင် ၆.၂ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်

မေလ ၂၂ ရက် ဒေသစံတော်ချိန် ၀၆ : ၁၉ အချိန် (မြန်မာစံတော်ချိန် ၀၉:၄၉ အချိန်) တွင် ဂရိနိုင်ငံ၏ Crete ကျွန်း၌ အင်အား  ၆.၂ မဂ္ဂနီကျူ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း  ဥရောပမြေထဲ ပင်လယ် ငလျင်လေ့လာရေးစင်တာ (EMSC) မှ ထုတ်ပြန်ထားပါသည်။

လူဦးရေ ၁၄၀,၀၀၀ ခန့်ရှိသော Heraklion မြို့၏ မြောက်ဘက် ၇၄ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါသည်။

လက်ရှိအချိန်ထိ လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးများ မသိရှိ သေးရကြောင်း နှင့် ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရပါသည်။

ကိုးကား- Tass

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃