ကင်ဂျုံအန် တက်ရောက်သည့် သင်္ဘောရေချပွဲတွင် ပြင်းထန်သည့် မတော်တဆမှု ဖြစ်ပွား
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင် တက်ရောက်သည့် မေလ ၂၁ ရက်နေ့က Chongjin ဆိပ်ကမ်း၌ ကျင်းပသည့် မြောက်ကိုရီးယား၏ တော်ပီဒိုသင်္ဘောဖျက်ယာဉ်အသစ် ရေချခြင်းအခမ်းအနားတွင် ပြင်းထန်သော မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။
KCNA ၏ အဆိုအရ စစ်သင်္ဘောရေချရာတွင် ဟန်ချက်မညီမျှမှုကြောင့် အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့ပြီး သင်္ဘောအောက်ပိုင်း အစိတ်အပိုင်းများ ပျက်စီးခဲ့သည်ဟု သိရပါသည်။
ဖြစ်စဉ်တစ်ခုလုံး မြင်တွေ့လိုက်ရသည့် ကင်ဂျုံအန်က ယခုဖြစ်ရပ်မှာ နမော်နမဲ့မှု၊ တာဝန်မဲ့မှုနှင့် သိပ္ပံနည်းမကျသော လုပ်ဆောင်မှုတို့ကြောင့် အာဏာရပါတီဗဟိုကော်မတီအစည်းအဝေးမတိုင်မီ ထိုသင်္ဘောကို ပြန်လည်ပြင်ဆင်ထားရန် ညွှန်ကြားခဲ့ပါသည်။
ယခုမတော်တဆမှုမှာ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကိုလေးစားမှုကို ထိခိုက်စေရသည်ဟု ကင်ဂျုံအန်က ဆိုထားပါသည်။
ကိုးကား- Tass
Photo: NK News
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃