ဆန်ဒီယာဂိုရှိ စစ်တပ်ပိုင် နေအိမ်ရပ်ကွက်ထဲ လေယာဉ်ပျက်ကျ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယာဂိုမြို့တွင် မေလ ၂၂ ရက် နံနက်ပိုင်းက Cessna 550 လေယာဉ်သည် ရုတ်တရက် ပျက်ကျခဲ့ပြီး စစ်တပ်ပိုင် နေအိမ်ရပ်ကွက်အတွင်း ထိုးဆင်းကျခဲ့ကြောင်း NBC သတင်းဌာနက ဖော်ပြထားပါသည်။
အဆိုပါလေယာဉ်မှ စိမ့်ထွက်လာသော လောင်စာဆီကြောင့် အနည်းဆုံး အိမ် ၁၅ လုံး မီးလောင်ကျွမ်းခဲ့ပါသည်။ ပျက်ကျမှုအကြောင်းရင်းကို ယခု အချိန်ထိ အတိအကျမသိရသေးပါ။ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ထိုဒေသ၌ မြူထူထပ်နေကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။
လေယာဉ်ပေါ်ရှိ လိုက်ပါသူအားလုံး သေဆုံးခဲ့ကြောင်း ABC သတင်းဌာန က ပြောကြားခဲ့သော်လည်း လိုက်ပါသူအရေအတွက်ကိုမူ အတိအကျ ဖော်ပြထားခြင်း မရှိသေးပါ။
ကိုးကား- Tass
Photo: Yahoo
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃
MM-News-Category