မလေးရှားနိုင်ငံ၏ လုပ်သားကုန်ထုတ်စွမ်းအား ပထမ သုံးလပတ်၌ အနည်းငယ် မြင့်တက်

News Image

  • မလေးရှားနိုင်ငံ၏ လုပ်သားကုန်ထုတ်စွမ်းအား ပထမ သုံးလပတ်၌ အနည်းငယ် မြင့်တက်

မလေးရှားနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် လုပ်သား ကုန်ထုတ်စွမ်းအားသည် တစ်နာရီလျှင် ၄၂.၅ ရင်းဂစ် (၉.၉၈ ဒေါ်လာ) ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁% တိုးတက်လာကြောင်း အစိုးရ၏ တရားဝင် အချက်အလက်များအရ သိရသည်။ (၁ ရင်းဂစ် = ၀.၂၃ ဒေါ်လာ)

မလေးရှားနိုင်ငံ စာရင်းအင်းဌာန (DOSM) ၏ ထုတ်ပြန်ချက်အရ နိုင်ငံ့ စီးပွားရေးသည် ၂၀၂၄ ခုနှစ်၊ စတုတ္ထ ၃ လပတ်၌ ၄.၉ % ဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်တွင် ၄.၄ %သို့ ကျဆင်းသွားပါကြောင်း၊ စုစုပေါင်း အလုပ်လုပ်ချိန်သည် ၃.၃% တိုးတက်ကာ ၉.၈ ဘီလီယံ နာရီ ဖြစ်သည်။

DOSM ၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် အလုပ်လုပ်ကိုင်သူ စုစုပေါင်းအရေအတွက်သည် ၁၆.၉ သန်း ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃ % တိုးတက်ခဲ့သည်။ ထို့အပြင် အလုပ်အကိုင်တစ်ခုစီ၏ ထုတ်လုပ်နိုင်စွမ်းသည် ၁.၃ % တိုးတက်ကာ တစ်ဦးလျှင် ထပ်ဆင့်တိုး ထုတ်လုပ်မှုတန်ဖိုးမှာ ၂၄,၅၈၀ ရင်းဂစ် အထိ ရှိခဲ့သည်။

ထို့အပြင်၊ ယခု ၃ လပတ်အတွင်း အလုပ်ချိန် ၁ နာရီအတွက် ထပ်ဆင့်တိုးတန်ဖိုးမြင့် ထုတ်လုပ်နိုင်စွမ်းတိုင်းတာချက်အရ လုပ်သားကုန်ထုတ်စွမ်းအားမှာ ဆောက်လုပ်ရေးကဏ္ဍတွင် တိုးတက်မှုနှုန်း ၁၁.၃ %၊ ထုတ်လုပ်မှုကဏ္ဍတွင် ၂.၈ % တိုးတက်လာခဲ့သည်။

ရေရှည်တည်တံ့ခိုင်မြဲသော လုပ်သားဈေးကွက် တိုးတက်မှု၊ စီးပွားရေးလုပ်ငန်းတိုးတက်မှု နှင့် လူ့စွမ်းအားအရင်းအနှီးတို့ အားကောင်းလာပါက မလေးရှားနိုင်ငံ၏ လုပ်သားထုတ်လုပ်နိုင် စွမ်းအားသည် အလုပ်သမားဈေးကွက် ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးမတည်ငြိမ်မှုများအကြား ခံနိုင်စွမ်းရှိသည့် အပြုသဘောဆောင်စွာ ရပ်တည်လျက်ရှိကြောင်း DOSM မှ ပြောကြားခဲ့သည်။

ထို့ကြောင့် လုပ်သားစွမ်းအား ထိရောက်မှုကို မြှင့်တင်ရန်အတွက် ဗျူဟာကျသည့် အကောင်အထည်ဖော်မှုများနှင့် လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အရေးကြီးသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ 

ကိုးကား- ဆင်ဟွာ

Photo: KL Property

ဘာသာပြန်ဆိုသူ- ဒေါ်ငြိမ်းဆုသာ၊ ဦးစီးအရာရှိ၊ နစက