တရုတ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ကြားဝင်ဖျန်ဖြေပေးရေး အဖွဲ့ကို နိုင်ငံပေါင်း ၃၀ ကျော်ဖြင့်ဖွဲ့စည်း

News Image

  • တရုတ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ကြားဝင်ဖျန်ဖြေပေးရေး အဖွဲ့ကို နိုင်ငံပေါင်း ၃၀ ကျော်ဖြင့်ဖွဲ့စည်း

တရုတ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ကြားဝင်ဖျန်ဖြေပေးရေး အဖွဲ့ကို နိုင်ငံပေါင်း ၃၀ ကျော်ဖြင့် မေလ ၃၀ ရက်တွင်ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့တွင် ပါကစ္စတန်နိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံမှသည် ဘယ်လာရုစ်နှင့် ကျူးဘား နိုင်ငံတို့အထိ ပါဝင်သည်။ ထိုနိုင်ငံပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ်များက အပြည်ပြည်ဆိုင်ရာ ကြားဝင်ဖျန်ဖြေပေးရေး အဖွဲ့ကို ဖွဲ့စည်းမှု ညီလာခံတွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် အဆိုပါအဖွဲ့ကိုတည်ထောင်သူ အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာသည်။ ထိုအပြည်ပြည်ဆိုင်ရာ ကြားဝင်ဖျန်ဖြေပေးရေး အဖွဲ့ကို တရုတ်နိုင်ငံက ဦးဆောင် ဖွဲ့စည်းခြင်းဖြစ်ကာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက ပါဝင်လက်မှတ်ရေးထိုးထားသည်။ ထို့ပြင် တရုတ်နိုင်ငံက အပြန်အလှန်လေးစားမှုနှင့် ဆွေးနွေးမှုမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်မှု စိတ်ဓာတ်ဖြင့် မတူညီမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အကြံ ပြုခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ယခုအဖွဲ့ကိုဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက် တစ်ခုမှာ နိုင်ငံများကြား ပဋိပက္ခများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ အသိဉာဏ် အမြော်အမြင်ကို ပံ့ပိုးပေးနိုင်စေရေး ဖြစ်ကြောင်း ဝမ်ယီကပြောသည်။ အလားတူ ဟောင်ကောင်၌ အခြေစိုက်သည့်ထိုအဖွဲ့သည် နိုင်ငံတကာ၌ဖြစ်ပွား နေသည့် အငြင်းပွားမှုများကို ချစ်ကြည် ရင်းနှီးမှုမပျက် ဖြေရှင်းပေးနိုင်စေရေး၊ ပိုမို ဟန်ချက်ညီသော တစ်ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်ပေး နိုင်ရေးဖြစ်ကြောင်း ဝမ်ယီက ဆက်ပြောသည်။ ထို့ပြင် အဆိုပါအဖွဲ့ကို ဖွဲ့စည်းခြင်းသည် ကုလသမဂ္ဂ၏ ပဋိညာဉ်ပါ အခြေခံ သဘောတရားများကို ကာကွယ်စောင့် ရှောက်နိုင်ရေး ဖြစ်ကြောင်း ဝမ်ယီကပြောထားသည်ဟု သိရသည်။

Source: Myawady Web Portal