ပူတင်နှင့်ထရမ့်တို့ကြား လုပ်ဆောင်သည့် တယ်လီဖုန်းမှ တစ်ဆင့် ဆက်သွယ်ပြောဆိုမှုက အပြုသဘောဆောင်ဟု ရုရှား အစိုးရပြော
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား လုပ်ဆောင်ခဲ့သည့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုမှုသည် အပြုသဘောဆောင်ကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဇွန်လ ၅ ရက်တွင် ပြောသည်။
နှစ်နိုင်ငံခေါင်းဆောင်များကြား လုပ်ဆောင်ခဲ့သည့် တယ်လီဖုန်းမှ တစ်ဆင့်ပြောဆိုမှုသည် အပြုသဘောဆောင်သည့်အပြင် နှစ်နိုင်ငံစလုံးအတွက် လိုအပ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် အဆိုပါပြောဆိုမှုအတွင်း အရေးပါသည့်ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့ကြကြောင်း ပက်စကော့က ဆက်ပြောသည်။
နှစ်နိုင်ငံခေါင်းဆောင်များကြား လုပ်ဆောင်ခဲ့သည့် အဆိုပါပြောဆိုမှုအတွင်း သဘောတူညီချက် ချမှတ်မှုမရှိသော်လည်း ထိုသို့ ဆက်သွယ်ပြောဆိုခြင်း၏ အရေးပါမှုကို ခေါင်းဆောင်နှစ်ဦးစလုံးက နားလည် သဘောပေါက်ထားကြောင်း ပက်စကော့က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
ပူတင်နှင့် ထရမ့်တို့ကြား အဆိုပါဆက်သွယ် ပြောဆိုမှုသည် ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
MWD Web Portal