ရုရှားကိုယ်စားလှယ်အဖွဲ့က ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် တူကီယဲသို့ထွက်ခွာ
မော်စကို၊ နိုင်ငံရေး
ရုရှားကိုယ်စားလှယ်အဖွဲ့သည် ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ရန်အတွက် တူကီယဲနိုင်ငံ အစ္စတန်ဘူမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း အရင်းအမြစ် တစ်ခုက ဇွန်လ ၁ ရက်တွင် ပြောသည်။
ယူကရိန်းကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဝန်ကြီး ရူစတမ် အူမာရော့ဗ်က ဦးဆောင်ထားကြောင်းသိရသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့သည် ယူကရိန်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ဇွန်လ ၂ ရက်တွင် တွေ့ဆုံ၍ တိုက်ရိုက်ဆွေးနွေးမည်ဖြစ်သည်။
သို့ရာတွင် ယူကရိန်းနှင့်ထပ်မံကျင်းပမည့် ဆွေးနွေးပွဲတွင်လည်း ရုရှားကိုယ်စားလှယ်အဖွဲ့၏ ရပ်တည်ချက်သည် မေလ ၁၆ ရက်တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲအတွင်းချမှတ်ခဲ့သည့် သဘောထားအတိုင်း ပြောင်းလဲမည်မဟုတ်ကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောကြားထားကြောင်းသိရသည်။
တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သူအားလုံးအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်စေရန်အတွက် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံကြားဆွေးနွေးပွဲများထပ်မံကျင်းပနိုင်ရန်အတွက်လည်း ရုရှားနိုင်ငံက ထောက်ခံအားပေးလျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်က အစောပိုင်းတွင် ပြောကြားခဲ့ကြောင်းသိရသည်။
Ref: Ivz
Source: Myawady Web Portal