တရုတ်နိုင်ငံက ယူကရိန်းပဋိပက္ခကို ထိုင်ဝမ်နှင့် နှိုင်းယှဉ်ခြင်းကို ပယ်ချ

News Image

  • တရုတ်နိုင်ငံက ယူကရိန်းပဋိပက္ခကို ထိုင်ဝမ်နှင့် နှိုင်းယှဉ်ခြင်းကို ပယ်ချ

ထိုင်ဝမ်နှင့် ယူကရိန်းပဋိပက္ခကို နှိုင်းယှဉ်ခြင်းသည် “လက်မခံနိုင်” ဟု ပြင်သစ်သမ္မတ Emmanuel Macron ၏ ပြောကြားချက်များကို တုံ့ပြန်သည့်အနေဖြင့် စင်ကာပူရှိ တရုတ်သံရုံးက ထုတ်ဖော်ပြောကြားခဲ့သည်။

“ထိုင်ဝမ်ပြဿနာကို ယူကရိန်းကိစ္စနှင့် နှိုင်းယှဉ်ခြင်းသည် လက်မခံနိုင်ပါ။ အဆိုပါကိစ္စနှစ်ခုသည် သဘောသဘာဝအားဖြင့် လုံးဝမတူညီဘဲ နှိုင်းယှဉ်၍မရနိုင်ပါ” ဟု စနေနေ့ (မေ ၃၁) တွင် သံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ထိုင်ဝမ်ပြဿနာသည် “တရုတ်၏ အတွင်းရေးကိစ္စသာဖြစ်ကြောင်း” ထပ်လောင်းအလေးပေး ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်ကို Macron က စင်ကာပူရှိ Shangri-La Dialogue တွင် သောကြာနေ့ (မေ ၃၀) က မိန့်ခွန်းပြောကြားပြီးနောက် မကြာမီ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “ရုရှားကို ယူကရိန်း၏ နယ်မြေအစိတ်အပိုင်းတစ်ခုကို ကန့်သတ်ချက်မရှိ သိမ်းပိုက်ခွင့်ပြုလိုက်သည်ဟု မိမိတို့ ယူဆလျှင် ထိုင်ဝမ်တွင် မည်သည့်အရာများဖြစ်လာနိုင်မည်နည်း” ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂