ရုရှားနှင့် ယူကရိန်းတို့ အစ္စတန်ဘူ၌ ဆွေးနွေးပွဲ ထပ်မံပြုလုပ်
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှကိုယ် စားလှယ်အဖွဲ့များသည် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူမြို့၌ ဇွန်လ ၂ ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထပ်မံပြုလုပ်ကြောင်း သိရသည်။ ထိုဆွေးနွေးမှုသည် လက်ရှိနှစ်နိုင်ငံကြား ဖြစ်ပွားလျက်ရှိသော ပဋိပက္ခအဆုံးသတ်စေရေးကို ရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ယခုဆွေးနွေးပွဲတွင် ရုရှားကယူကရိန်း သို့ငြိမ်းချမ်းရေး သဘောတူစာချုပ် မူကြမ်း ကိုပေးအပ်လိုက်သည်။ ထို့ပြင် ရုရှားအစိုးရက ကျဆုံးသွားသည့် ယူကရိန်းစစ်သည် ၆၀၀၀ ၏ ရုပ်အလောင်းများကို လာမည့် သီတင်းပတ်တွင် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ အကျဉ်းသား အယောက် ၁၀၀၀ စီ ထပ်မံလွှဲပြောင်းမည်ဖြစ်ကြောင်း၊ ဒဏ်ရာရစစ်သည် အားလုံးကိုလည်း အပြန်အလှန် လဲလှယ်မည်ဖြစ်ကြောင်း သဘောတူညီချက်ရရှိသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်ဆွေးနွေးပွဲ၌ နှစ်နိုင်ငံကြား အကျဉ်းသားအယောက် ၁၀၀၀ စီကို လွှဲပြောင်းရန် သဘောတူခဲ့ကာ ထိုသဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း သိရသည်။
Source: MWD Web Portal