ပြည်တွင်းဖြစ် ဘက်စုံသုံး J-10 တိုက်လေယာဉ်များအား အင်ဒိုနီးရှားသို့ တင်ပို့ရန် တရုတ် ကမ်းလှမ်းဟုဆို

News Image

  • ပြည်တွင်းဖြစ် ဘက်စုံသုံး J-10 တိုက်လေယာဉ်များအား အင်ဒိုနီးရှားသို့ တင်ပို့ရန် တရုတ် ကမ်းလှမ်းဟုဆို

တရုတ်နိုင်ငံသည်   ၎င်းတို့၏ ပြည်တွင်းဖြစ် ဘက်စုံသုံး တိုက်လေယာဉ်တစ်စင်းဖြစ်သည့် J-10 တိုက်လေယာဉ်များအား အင်ဒိုနီးရှားသို့ တင်ပို့ရန် ကမ်းလှမ်းခဲ့ကြောင်း Bloomberg  က ဇွန်လ ၅ ရက်တွင်ဖော်ပြသည်။

အင်ဒိုနီးရှားအစိုးရသည် အဆိုပါ J-10 တိုက်လေယာဉ်များအား လက်ရှိနိုင်ငံအတွင်း အသုံးပြုနေသည့် လက်နက်စနစ်များနှင့် ပေါင်းစပ်နိုင်မှုရှိ၊ မရှိနှင့် အခြားစစ်ဆင်မှုဆိုင်ရာ လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိကြောင်း အင်ဒိုနီးရှား ဒုတိယကာကွယ်ရေးဝန်ကြီး ဒွန်နီအာမာဝန်တာဝူဖန်တိုက ပြောသည်။

တိုက်လေယာဉ်များ တင်ပို့မည့်ကမ်းလှမ်းချက်ကို အင်ဒိုနီးရှား လေတပ်မတော်မှ ကိုယ်စားလှယ်များက တရုတ်နိုင်ငံသို့  အလည်အပတ် လာရောက်စဉ် တရုတ်အစိုးရက အဆိုပြုခဲ့ခြင်းဖြစ်သည်။

သို့သော်  လက်ရှိအချိန်တွင် အဆိုပါကမ်းလှမ်းချက်သည်  ဒွန်နီအာမာဝန်တာဝူဖန်တို ပြောကြားသည့်အတိုင်း  အကြံပြုချက်တစ်ခုအဖြစ်သာ ရှိနေသေးသည်။ အကြောင်းမှာ J-10 တိုက်လေယာဉ်များ၏ နည်းပညာပိုင်းကို အကဲဖြတ်ရန် အင်ဒိုနီးရှားအစိုးရက ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့အား  တရုတ်နိုင်ငံသို့ စေလွှတ်ထားခြင်း မရှိသေးသောကြောင့် ဖြစ်သည်။

သို့သော်လည်း အင်ဒိုနီးရှားအစိုးရသည် တရုတ်နိုင်ငံလုပ်  အဆိုပါ J-10 တိုက်လေယာဉ်များအား ဝယ်ယူရန် စဉ်းစားလျက်ရှိကြောင်း  Bloomberg က  ဆက်လက် ဖော်ပြထားသည်။

MWD Web Portal