ရာသီဥတုပြောင်းလဲမှုကြောင့် ဗြိတိန်နိုင်ငံတွင် ယခုလအတွင်း အပူလှိုင်းဖြတ်သန်းနိုင်ပြီး အချို့ဒေသများတွင် အပူချိန် ၃၂ ဒီဂရီအထိ မြင့်တက်လာနိုင်

News Image

  • ရာသီဥတုပြောင်းလဲမှုကြောင့် ဗြိတိန်နိုင်ငံတွင် ယခုလအတွင်း အပူလှိုင်းဖြတ်သန်းနိုင်ပြီး အချို့ဒေသများတွင် အပူချိန် ၃၂ ဒီဂရီအထိ မြင့်တက်လာနိုင်

ရာသီဥတုပြောင်းလဲမှုကြောင့် ဗြိတိန်နိုင်ငံတွင် ယခုလအတွင်း အပူလှိုင်းဖြတ်သန်းနိုင်ပြီး နိုင်ငံအတွင်းရှိ အချို့ဒေသများတွင် အပူချိန်မှာ ၃၂ ဒီဂရီအထိမြင့်တက် လာနိုင်ကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

အပူချိန်မြင့်တက်မှုကို နိုင်ငံအတွင်းရှိ ဒေသအများအပြားက ခံစားရနိုင်ပြီး စကော့တလန်နှင့် ဝေးလ်ဒေသများတွင် အပူချိန်သည်  ၂၈  ဒီဂရီသို့ ရောက်ရှိလာနိုင်ပြီး အင်္ဂလန်နိုင်ငံတောင်ပိုင်းတွင်မူ ဇွန်လ ၂၁ရက်၌ အပူချိန်သည် ၃၂ ဒီဂရီသို့ ရောက်ရှိလာနိုင်သည်။  အင်္ဂလန်နိုင်ငံ ဗဟိုတောင်ပိုင်းရှိ ဒေသများတွင်မူ များသောအားဖြင့် အပူချိန် ၃၀ ဒီဂရီ သို့မဟုတ် ၃၁ ဒီဂရီအထိ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသအဖွဲ့က ထုတ်ပြန်ထားသည်။

ဗြိတိန်နိုင်ငံအတွင်း၌ ယခုလကုန်ပိုင်းအထိ အပူချိန်မှာ သာမန်ထက် ပိုမိုမြင့်တက်လာမည်ဟု အင်္ဂလန် မိုးလေဝသဌာနက ထုတ်ပြန်ထားပြီး နိုင်ငံတောင်ပိုင်းတွင် မိုးခြိမ်းမှုများ ဖြစ်ပွားလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဗြိတိန်နိုင်ငံသည်  ရာသီဥတုအေးမြသည့် နိုင်ငံဖြစ်သော်လည်း ရာသီဥတု ပြောင်းလဲမှုကြောင့် အပူလှိုင်း ဖြတ်သန်းမှုကို ခံရဖွယ်ရှိသည်။ 

MWD Web Portal