ရှီက ထရမ့်အား တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်

News Image

  • ရှီက ထရမ့်အား တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ (ဇွန် ၅) တွင် ကမ္ဘာ့စီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံနှစ်ခု၏ ကုန်သွယ်ရေးတင်းမာမှုများလျှော့ချနိုင်ရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဖုန်းဆက်ဆွေးနွေးမှု ပြုလုပ်စဉ်တွင် ရှီက ၎င်းအား တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။

မိနစ် ၉၀ ကြာ ဆွေးနွေးခဲ့မှုကို တရုတ်မီဒီယာများက ပထမဆုံး ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ထရမ့်က Truth Social Media ၌ အတည်ပြုခဲ့သည်။ အမေရိကန်ခေါင်းဆောင်က ၎င်းအား အလွန်ကောင်းမွန်သော ဖုန်းဆက်ဆွေးနွေးမှုအဖြစ် ဖော်ပြခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား အဓိကထားဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

ရှီက ၎င်းနှင့် သမ္မတကတော် မီလာနီယာ ထရမ့်တို့အား တရုတ်နိုင်ငံသို့ လာရောက်ရန် လေးစားစွာဖိတ်ခေါ်ခဲ့ပြီး ၎င်းကလည်း အပြန်အလှန်အားဖြင့် လေးစာစွာ တုံ့ပြန်ပြောဆိုခဲ့သည် ဟု ဆိုပါသည်။

ထိုကဲ့သို့သော အချင်းအရာသည် အင်အားကြီးနိုင်ငံနှစ်ခု၏ သမ္မတများ အနေဖြင့် စောင့်မျှော်နေခဲ့သောအရာဖြစ်သည်ဟု ထရမ့်က ရေးသားခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂