အစ္စရေးသည် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခံရခြင်းကြောင့် နိုင်ငံရပ်ခြား၌ သောင်တင်နေသော နိုင်ငံသားများအား ပြန်လည် ခေါ်ယူရန် အစီအစဉ်ကို စတင်

News Image

  • အစ္စရေးသည် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခံရခြင်းကြောင့် နိုင်ငံရပ်ခြား၌ သောင်တင်နေသော နိုင်ငံသားများအား ပြန်လည် ခေါ်ယူရန် အစီအစဉ်ကို စတင်

အစ္စရေးသည် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခံရခြင်းကြောင့် နိုင်ငံရပ်ခြား၌ သောင်တင်နေသော နိုင်ငံသားများအား ပြန်လည်ခေါ်ယူရန် စီမံချက်ကို စတင်ခဲ့ပြီး ပထမဆုံးလေယာဉ်သည် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) တွင် Ben Gurion လေဆိပ်သို့ ဆင်းသက်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အစ္စရေး လေဆိပ်အာဏာပိုင်အဖွဲ့က “အဆိုပါလုပ်ငန်းစဉ်ကို အဆင့်ဆင့် စီမံကာ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်အဆင့်နှင့် လုံခြုံရေး အခြေအနေအရ ခရီးသည်၊ လေယာဉ်အဖွဲ့သားများနှင့် လေယာဉ်များ၏ ဘေးကင်းရေး ကို အလေးထား ဆောင်ရွက်လျက်ရှိသည်” ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သောကြာနေ့ (ဇွန် ၁၃) က အီရန်နှင့် ပဋိပက္ခ ပိုမိုပြင်းထန် လာခြင်းနှင့်အတူ အစ္စရေးနိုင်ငံသည် အထူးအရေးပေါ်အခြေအနေကို ကြေညာကာ လေကြောင်းလိုင်းများပိတ်ပင်ခြင်း၊ ကျောင်းများ ပိတ်ခြင်း နှင့် လူစုလူဝေးများ တားမြစ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ပထမဆုံး ပြန်လည်ခေါ်ယူရေး လေယာဉ်သည် ဗုဒ္စဟူးနေ့ (ဇွန် ၁၈) နံနက်ပိုင်းတွင် ဆိုက်ပရပ်စ်နိုင်ငံ လာနာကာမြို့မှ ဆင်းသက်ခဲ့ပြီး ခရီးသည် များသည် “အစ္စရေးသို့ အမြန်ဝင်ရောက်ခြင်းနှင့် ခရီးဆောင်အိတ်များ ပြန်လည်ရယူခြင်း လုပ်ငန်းစဉ်များကို ချောမွေ့စွာ ပြီးမြောက်ခဲ့သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“လေဆိပ်အာဏာပိုင်အဖွဲ့အနေဖြင့် လုံခြုံရေးအခြေအနေအရ လေဆိပ်တွင် ခရီးသည်များ၏ နေထိုင်ချိန်ကို အနည်းဆုံးဖြစ်စေရေးလျှော့ချရန် အရေးကြီးပါကြောင်း” ထပ်မံအလေးထားပြောကြားကာ လေဆိပ်သို့ခရီးသည်များကို ကြိုဆိုရန် လူစုလူဝေးများ မလာရောက်ကြရန် တိုက်တွန်း ထားသည်။

ကိုးကား- CNN

Photo: France 24

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂