အီလက်ထရွန်နစ်အမှိုက်မှ ရွှေကိုထုတ်ယူနိုင်မည့်နည်းလမ်း ဩစတြေးလျ သိပ္ပံပညာရှင်များ တီထွင်
ဩစတြေးလျ သိပ္ပံပညာရှင်များသည် အီလက်ထရွန်နစ် အမှိုက်များမှ ရွှေကိုရေ ရှည်ထုတ်ယူနိုင်မည့် နည်းလမ်းတစ်ခုကို တီထွင်လိုက်ကြောင်း သိရသည်။ အဆိုပါ နည်းလမ်းကြောင့် တစ်ဖက်တွင် ရွှေကို အလွယ်တကူ ထုတ်ယူနိုင်မည်ဖြစ်သည့်အပြင် အခြားတစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုကိုလျှော့ချ နိုင်စေမည်ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် အီလက်ထရွန်နစ်သုံးပစ္စည်းများမှ ထွက်ရှိသည့် အမှိုက်တန်ချိန် ၆၂ သန်းအထိ ရောက်ရှိခဲ့ကြောင်း၊ ယခု နည်းလမ်းအသစ်သည် ရွှေကိုပြန်လည် ဆယ်ယူရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိစေသော ရွှေတူးဖော်ရေးအပေါ် မှီခိုနေရမှုကိုလျှော့ချနိုင်ရေး အလွန်ကောင်းမွန်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း တောင်ဩစတြေးလျပြည်နယ်ရှိ ဖလင်ဒါတက္ကသိုလ်က ယခုသီတင်းပတ်အတွင်းထုတ် ပြန်သောထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုနည်းလမ်းမှာ အလွယ်တကူရရှိနိုင်သည့် ပိုးသတ်ပစ္စည်း တစ်မျိုးဖြစ်သော ထရိုင်ကလိုရိုင်ဆိုဆိုင်ရာ နောရစ်အက်စစ် အသုံးပြုပြီး ရွှေကိုအရည်ပျော်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းနည်းလမ်းမှနေ၍ ဆိုင်ရာနိုက် သို့မဟုတ် မာကျူရီ များထွက်ပေါ်လာစေခြင်း မရှိကြောင်း၊ ထိုနည်းလမ်းကို ရွှေသန့်စင်ရာတွင်လည်း အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရသည်။
MWD Portal