Rocket Lab ကုမ္ပဏီက ဗာဂျီးနီးယားပြည်နယ်အခြေစိုက် ဟော်ကီယေး ၃၆၀ ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ ဂြိုဟ်တုလေးစင်းကို လွှတ်တင်

News Image

  • Rocket Lab ကုမ္ပဏီက ဗာဂျီးနီးယားပြည်နယ်အခြေစိုက် ဟော်ကီယေး ၃၆၀ ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ ဂြိုဟ်တုလေးစင်းကို လွှတ်တင်

ဝါရှင်တန် ဇွန် ၂၉ 
Rocket Lab ကုမ္ပဏီသည် ဗာဂျီးနီးယားပြည်နယ် အခြေစိုက် ဟော်ကီယေး ၃၆ဝ အမည်ရှိ ပုဂ္ဂ လိက ကုမ္ပဏီတစ်ခု၏ ဂြိုဟ်တု လေးစင်းကို ဇွန် ၂၇ ရက်တွင်

အောင်မြင်စွာ လွှတ်တင်ပေးခဲ့ ကြောင်း ဇွန် ၂၈ ရက် သတင်းများ အရ သိရသည်။

Rocket Lab ကုမ္ပဏီသည် ဟော်ကီလေး ၃၆၀ ကုမ္ပဏီ ဂြိုဟ် တု လေးစင်းကို အီလက်ထရွန်ဒုံးပျံဖြင့် နယူးဇီလန်နိုင်ငံမှ တစ်ဆင့် လွှတ်တင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွှတ်တင်ပြီး တစ်နာရီအကြာ တွင် အီလက်ထရွန်ဒုံးပျံသည် သယ်ဆောင်ထားသည့် ဂြိုဟ်တုလေးစင်းကို ကမ္ဘာမြေပြင်အထက် မိုင် ၃၂ဝ အကွာရှိ ပတ်လမ်းပေါ် သို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဇွန် ၂၇ ရက် မစ်ရှင်သည် Rocket Lab  ကုမ္ပဏီက ဟော်ကီယေး ၃၆ဝ ကုမ္ပဏီ အတွက် လွှတ် တင်ပေးခဲ့သော ဒုတိယမြောက် မစ်ရှင်ဖြစ်သည်။

ဟော်ကီယေး ၃၆ဝ ကုမ္ပဏီ အတွက် ပထမဆုံးမစ်ရှင်ကို Rocket Lab ကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အီလက်ထရွန်ဒုံးပျံနှင့်ပင် လွှတ်တင်ပေးခဲ့သည်။

ဇွန် ၂၇ ရက် မစ်ရှင်သည် Rocket Lab  ကုမ္ပဏီ၏ ၂၀၂၅  ခုနှစ်အတွက် ကိုးခုမြောက်မစ်ရှင် ဖြစ်ပြီး အီလက်ထရွန်ဗုံးပျံများ၏ ၆၇ ကြိမ်မြောက် မစ်ရှင်ဖြစ် ကြောင်း သိရသည်။

Ref: Russia Today

Trs: KKO

YDNB Newspaper