Space-X ကုမ္ပဏီက လွှတ်တင်ခဲ့သော Crew Dragon အာကာသလူသယ်ယာဉ်က နိုင်ငံတကာအာကာသစခန်းနှင့်ချိတ်ဆက်နိုင်ခဲ့
ဝါရှင်တန် ဇွန် ၂၉
Ax-4 ပုဂ္ဂလိက အာကာသ မစ်ရှင်အရ Space X ကုမ္ပဏီက လွှတ်တင်ခဲ့သော Crew Dragon အာကာသ လူသယ်ယာဉ်သည် နိုင်ငံတကာ အာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်း ဇွန် ၂၈ ရက် သတင်းများအရ သိရသည်။
ဂရေ့စ်ဟူ၍ အမည်ပေးထားသည့် Crew Dragon အာကာသ လူသယ်ယာဉ်သည် လွတ်တင်ပြီး ၂၈ နာရီအကြာတွင် နိုင်ငံတကာ အာကာသစခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။
ချိတ်ဆက်မှုပြုလုပ်နိုင်ခဲ့ပြီး နောက် Ax-4 ပုဂ္ဂလိက အာကာသ ယာဉ်မှူး လေးဦးတို့သည် နိုင်ငံတကာ အာကာသစခန်းပေါ်သို့ တက်ရောက်ခဲ့ကြသည်။
Ax-4 ပုဂ္ဂလိက အာကာသ ယာဉ်မှူး လေးဦးတို့သည် နိုင်ငံတကာ အာကာသစခန်းပေါ်၌ သီတင်းနှစ်ပတ်ကြာ နေထိုင်၍ သိပ္ပံပညာစမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်သည်။
Ax-4 ပုဂ္ဂလိက အာကာသယာဉ်မှူး လေးဦးထပ်မံရောက်ရှိလာမှုကြောင့် နိုင်ငံတကာ အာကာသစခန်းပေါ်၌ နိုင်ငံပေါင်းခြောက် နိုင်ငံတို့မှ အာကာသယာဉ်မှူး ၁၁ ဦးထိ ရှိလာခဲ့ပြီဖြစ်သည်။
Space X ကုမ္ပဏီသည် Ax-4 Crew Dragon အာကာသလူသယ်ယာဉ်ကို ဇွန် ၂၅ ရက်တွင် ဖယ်လ်ကွန်-၉ ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref: Sputnik News
Trs: KKO
YDNB Newspaper