စပေ့စ်အိတ်စ်ကုမ္ပဏီက စတားလင့်စ်မစ်ရှင် နှစ်ခုကို ဇွန် ၂၈ ရက်တစ်ရက်တည်းတွင် အောင်မြင်စွာလွှတ်တင်

News Image

  • စပေ့စ်အိတ်စ်ကုမ္ပဏီက စတားလင့်စ်မစ်ရှင် နှစ်ခုကို ဇွန် ၂၈ ရက်တစ်ရက်တည်းတွင် အောင်မြင်စွာလွှတ်တင်

နယူးယောက် ဇွန် ၂၉

အမေရိကန်နိုင်ငံ အခြေစိုက် စပေ့စ်အိတ်စ်ကုမ္ပဏီသည် ဇွန် ၂၈ ရက် တစ်ရက်တည်းတွင် စတား လင့်ခ်ဂြိုဟ်တုမစ်ရှင် နှစ်ခုကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

ဇွန် ၂၈ ရုတ်၏ပထမမစ်ရှင် အဖြစ် စပေ့စ်အိတ်စ်ကုမ္ပဏီသည် ဖလော်ရီဒါပြည်နယ် ကိပ်ကာနေဗာရယ် အာကာသစခန်းမှတစ်ဆင့် ဖယ်လ်ကွန်-၉ ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

လွှတ်တင်ပြီး မိနစ် ၅၀ ခန့် အကြာတွင် ဖယ်လ်လွန်-၉ ဒုံးပျံ သည် အထက်ပါစတားလင့်ခ်ဂြိုဟ်တု ၂၇ စင်းကို သတ်မှတ်ပတ်လမ်းပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

စကားလင့်ခ်မစ်ရှင်ကို စပေ့စ်အိတ်စ်ကုမ္ပဏီသည် ကယ်လီဖိုးနီးယားပြည်နယ် ဗင်ဒန်ဘာ့ဂ် အာကာသစခန်းမှတစ်ဆင့် လွှတ်တင်ခဲ့သည်။

အဆိုပါ မစ်ရှင်အတွင်း ဖယ်လ်ကွန်-၉ ဒုံးပျံသည် လွှတ်တင်ပြီး တစ်နာရီခန့်အကြာ တွင် စတာလင့်ခ်ဂြိုဟ်တု ၂၆ သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

အထက်ပါ မစ်ရှင်နှစ်ခု အောင်မြင်မှုကြောင့် စပေ့စ်အိတ် ကုမ္ပဏီ၏ စတားလင့်ခ်အင်တာ နက်ဂြိုဟ်တုကွန်ရက်၌ လုပ်ငန်းလည်ပတ်ဆဲ ဂြိုဟ်တုအရေ အတွက်မှာ ၇၉၀၀ ထိရှိလာမည် ဖြစ်ကြောင်း သိရသည်။

Ref: Russia Today

Photo - ssbcrack