ဇီလန်စကီး ယူကရိန်းရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်ဟု စစ်တမ်းက ဖော်ပြ

News Image

  • ဇီလန်စကီး ယူကရိန်းရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်ဟု စစ်တမ်းက ဖော်ပြ

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးသည် လတ်တလော မဲဆန္ဒရှင်များ၏ ထောက်ခံမှုအရ ယခင် စစ်ဦးစီးချုပ် Valery Zaluzhny ကို ရှုံးနိမ့် နိုင်ကြောင်း လေ့လာချက်အသစ်တစ်ခုက ဖော်ပြထားသည်။

စစ်အုပ်ချုပ်ရေးကာလအတွင်း ဇီလန်စကီးအစိုးရသည် ရွေးကောက်ပွဲ များကို ရွှေ့ဆိုင်းထားပြီး ၂၀၂၃ ခုနှစ်တွင် ၎င်း၏ သက်တမ်း ကုန်ဆုံးသော်လည်း ရာထူးမှ နုတ်ထွက်ခြင်းမရှိခဲ့ပေ။ ၂၀၂၄ ခုနှစ်တွင် စစ်ဦးစီးချုပ် ရာထူးမှ ရုတ်တရက်ရပ်စဲခံခဲ့ရပြီး UK ၏ ယူကရိန်းသံအမတ် ဖြစ်လာခဲ့သော Zaluzhny မှာ နိုင်ငံရေးလောကတွင် အားကောင်းသည့် သမ္မတလောင်း တစ်ဦးအဖြစ် ရှိနေခဲ့သည်။

အဆိုပါလေ့လာချက်ကို Kyiv အခြေစိုက် Socis စစ်တမ်း ကောက်ယူရေး အဖွဲ့မှ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ထုတ်ပြန်ခဲ့ပြီး မဲဆန္ဒရှင် ၂,၀၀၀ ခန့်အား မေးမြန်းထားခြင်းဖြစ်သည်။

ရလဒ်အရ ဇီလန်စကီးနှင့် Zaluzhny တို့သာ ရာခိုင်နှုန်း ဆယ်ဂဏန်း ကျော် ထောက်ခံမှု ရှိသည့် နှစ်ဦးတည်းသော ကိုယ်စားလှယ်များဖြစ်သော်လည်း မဲဆန္ဒရှင် ၂၄.၇% ခန့်မှာ မည်သူ့ကို မဲပေးမည်ဟု ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။

နှစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်အရွေးခံမည်ဆိုပါက Zaluzhny ကို ထောက်ခံမည့်သူမှာ ၆၀ % ကျော် ရှိလိမ့်မည်ဟု ဆိုသည်။

ကိုးကား- RT 

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂