ပူတင်က အမေရိကန်ကို ပြန်လည်လေးစားမှု ရှိလာသည်ဟု ထရမ့် ပြောကြား

News Image

  • ပူတင်က အမေရိကန်ကို ပြန်လည်လေးစားမှု ရှိလာသည်ဟု ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အမေရိကန်အပေါ် ပြန်လည်လေးစားမှုရှိလာကြောင်း ပြောကြား ခဲ့သည်။ ယခင်အစိုးရအဖွဲ့၏ လုပ်ရပ်များကြောင့် အမေရိကန်၏ နိုင်ငံ တကာရပ်တည်မှုအပေါ် ထိခိုက်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ပူတင်၏ မှတ်ချက်များကို တုံ့ပြန်ကာ ထရမ့်က ထိုသို့ ပြောကြားခြင်း ဖြစ်ပြီး ရုရှားခေါင်းဆောင်က ၎င်းအား “သတ္တိရှိသူ” အဖြစ် ဖော်ပြ ခဲ့သည်။

“ဗလာဒီမာပူတင်က ယနေ့ အလွန်ကောင်းသည့် ပြောဆိုမှုတွေ ပြုလုပ် ခဲ့ကြောင်း” ထရမ့်က Oval Office တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး ယခင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင် ထိုကဲ့သို့သော မှတ်ချက်များ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း ဖြည့်စွက် ပြောကြား ခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ကလည်း ၎င်းတာဝန်ပြန်လည်ထမ်းဆောင်ပြီးနောက်ပိုင်းတွင် လေးစားမှု ကို ပြသခဲ့သည်ဟု ထရမ့်ပြောကြားခဲ့သည်။

ထရမ့်သည် ၎င်း၏ ရှေ့အစိုးရလက်ထက်က နိုင်ငံခြားရေးမူဝါဒများအား အားနည်းပြီး အမေရိကန်၏ ကမ္ဘာ့ဂုဏ်သတင်းကို ထိခိုက်စေသည်ဟု အထပ်ထပ်ပြောဆိုခဲ့ကာ ယူကရိန်းနှင့် ဂါဇာစစ်ပွဲများသည် ၎င်း၏ ဦးဆောင်မှုအောက်တွင်ဆိုပါက ဖြစ်ပွားခဲ့မည်မဟုတ်ဟု ပြောဆို ခဲ့သည်။

မင့်စ်မြို့တွင် သတင်းထောက်များနှင့်တွေ့ဆုံရာတွင် ပူတင်က ထရမ့် အား “လှိုက်လှိုက်လှဲလှဲ လေးစားကြောင်း” ဖော်ပြခဲ့ပြီး ယခုနှစ်အစောပိုင်းက လုပ်ကြံမှုကြိုးပမ်းချက်မှ ရှောင်တိမ်းနိုင်ခဲ့ခြင်းအပါအဝင် စိန်ခေါ်မှု များစွာကို ကျော်လွှားနိုင်ခဲ့သည့်အတွက် ချီးကျူးခဲ့သည်။ ထို့အပြင် ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ကြားဝင်ဖြန်ဖြေရာတွင် ထရမ့်သည် “အမှန်တကယ် ကြိုးစားနေသည်ဟု” ယုံကြည်ကြောင်း ပူတင်က ဖြည့်စွက် ပြောကြားခဲ့သည်။

ထရမ့်သည် ဘိုင်ဒင်အစိုးရလက်ထက်က ဖြတ်တောက်ခဲ့သော မော်စကို နှင့် တိုက်ရိုက်ဆက်ဆံမှုများကို ပြန်လည်စတင်ခဲ့ပြီး ဇန်နဝါရီလတွင် ရာထူးတာဝန်ပြန်လည်ရယူပြီးနောက် ပူတင်နှင့် ဖုန်းဆက် ပြောဆို ဆွေးနွေးမှု ငါးကြိမ်ပြုလုပ်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂