အပိုးဖစ်ဂြိုဟ်သိမ်ကို ကျုဆက်ဂြိုဟ်တုသစ်အုပ်စုတစ်စုဖြင့် လေ့လာရေးအတွက် တရုတ်သိပ္ပံပညာရှင်များက စီစဉ်နေ
ပေကျင်း ဇွန် ၃၀
၂၀၂၉ ခုနှစ်တွင် ကမ္ဘာဂြိုဟ်ကို အနီးကပ်ဖြတ်သန်းမည့် အပိုးဖစ် ဂြိုဟ်သိမ်ကို ကျူဆက်ဂြိုဟ်တု သစ်အုပ်စုတစ်ခုဖြင့် လေ့လာရေး အတွက် တရုတ်သိပ္ပံပညာရှင် များက စီစဉ်နေကြောင်း ဇွန် ၂၉ရက် သတင်းများအရ သိရသည်။
ဆင်ဟွာတက္ကသိုလ်နှင့် ဆွန်ယက်ဆင် တက္ကသိုလ်အပါ အဝင် တရုတ်တက္ကသိုလ်များမှ သိပ္ပံပညာရှင်များသည် အပိုးဖစ် ဂြိုဟ်သိမ်ကို ကျူဆက်ဂြိုဟ်တု ငယ်အုပ်စုတစ်ခု လွှတ်တင်ရန် လေ့လာမည့်အစီအစဉ်တစ်ရပ်ကို အဆိုပြုထားကြောင်း သိရသည်။
ARS (Apophis Recon Swarm) အမည်ရှိ အဆိုပါမစ်ရှင် အတွင်း ကျုဆက်ဂြိုဟ်တုငယ်များ သည် အပိုးဖစ်ဂြိုဟ်သိမ်၏ဒြပ်ထု၊ မျက်နှာပြင်ဖွဲ့စည်းပုံး မွှတ်မွှတ် လည်မှုနှုန်းနှင့်အတွင်းပိုင်းဖွဲ့စည်း ပုံတို့ကို လေ့လာမည်ဖြစ်ကြောင်း တရုတ် သိပ္ပံပညာရှင်များက ပြောကြားသည်။
အပိုးစစ်ဂြိုဟ်သိမ် ကမ္ဘာမြေကို အနီးကပ်ဖြတ်ကျော်ပျံသန်းချိန်သည် ဂြိုဟ်နက္ခတ်သိပ္ပံပညာ လောကအတွက် ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း တရုတ် သိပ္ပံပညာရှင်များက ပြောကြားထားသည်။
တရုတ် သိပ္ပံပညာရှင်များကဲ့သို့ပင် ဥရောပအာကာသအေဂျင်စီ သိပ္ပံပညာရှင်များကလည်း အပိုးဖစ်ဂြိုဟ်သိမ်ကို ရမ်မဆေး အမည်ရှိ မစ်ရှင်ဖြင့် လေ့လာ ရေးအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အရွယ်အစားအားဖြင့် အချင်း မီတာ ၃၄၀ ထိ ရှိသော အပိုးဖစ် ဂြိုဟ်သိမ်သည် ၂၀၂၉ ခုနှစ် ဧပြီ ၁၃ ရက်တွင် ကမ္ဘာဂြိုဟ်ကို ကီလိုမီတာ ၃၀၆၀၀ အကွာမှတစ် ဆင့် ဖြတ်ကျော်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
Ref: Xinhua News