ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါးအား ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ် တစ်စီး၊ ပစ္စည်းများနှင့်အတူ ဖမ်းဆီး ခေါ်ဆောင်

News Image

  • ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါးအား ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ် တစ်စီး၊ ပစ္စည်းများနှင့်အတူ ဖမ်းဆီး ခေါ်ဆောင်

02 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာသာမိ သက်တော်(၆၀)နှစ်၊ ဝါတော်(၂၂)ဝါအား ဘုန်းကြီးကျောင်း၌ တပ်ဆင်ထားသည့် CCTV မှတ်တမ်း သိမ်းဆည်းထားသည့် System ပုံး တစ်ပုံး၊ အလှူငွေများပါရှိသည့် အလှူခံပုံး တစ်ပုံးနှင့် ကျောင်းပိုင် မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ သာသနာ့အနွယ်ဝင် သံဃာတော်အား ဖမ်းဆီး၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်နှင့် ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသည့် သံဃာတော်အား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA