Sp ARCS 1049 ကြယ်စုအစုအဝေးတစ်ခုမှ ထုတ်လွှတ်လိုက်သည့် ထူးဆန်းသည့်ရေဒီယိုလှိုင်းများကို သိပ္ပံပညာရှင်များ ထောက်လှမ်းတွေ့ရှိခဲ့

News Image

  • Sp ARCS 1049 ကြယ်စုအစုအဝေးတစ်ခုမှ ထုတ်လွှတ်လိုက်သည့် ထူးဆန်းသည့်ရေဒီယိုလှိုင်းများကို သိပ္ပံပညာရှင်များ ထောက်လှမ်းတွေ့ရှိခဲ့

ဝါရှင်တန် ဇူလိုင် ၃

SP ARCS 1049 အမည်ရှိ ကြယ်စု အစုအဝေး တစ်ခုမှ ထုတ်လွှတ်လိုက်သော ထူးဆန်းသည့် ရေဒီယိုလှိုင်းများကို သိပ္ပံပညာရှင်များက ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဇူလိုင် ၂ ရက် သတင်း များအရ သိရသည်။

အဆိုပါရေဒီယိုလှိုင်းများသည် Sp ARCS 1049 ကြယ်စုအစုအဝေး အတွင်းရှိ စွမ်းအင်ဆောင်ရုပ်မှုန် များ၊လျှပ်စစ်သံလိုက်စက်ကွင်း များ ပြည့်နေသည့် နေရာတစ်ခုမှ ပေါ်ထွက်လာခြင်းဖြစ်သည်။

၎င်းရေဒီယိုလှိုင်းများသည် ကမ္ဘာဂြိုဟ်သို့ ရောက်ရှိရေး အတွက် နှစ်ပေါင်း ၁ဝ ဘီလီယံထိ အချိန်ယူခဲ့ရကြောင်း အမေရိကန် နိုင်ငံ ဒါဟမ်းတက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက ပြောကြားသည်။ 

အမေရိကန်သိပ္ပံပညာရှင်များ သည် လော့ဖာအမည်ရှိ ရေဒီယို တယ်လီစကုပ်ကွန်ရက်ကို အသုံး ပြု၍ အထက်ပါရေဒီယိုလှိုင်းများ ကို ထောက်လှမ်းတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လော့ဖာရေဒီယိုတယ်လီ စကုပ်ကွန်ရက်သည် ဥရောပနိုင်ငံ ရှစ်နိုင်ငံတို့၌ ထားရှိသည့် ရေဒီယို အင်တာနာစနစ် ၁၀ဝဝဝဝ တို့ဖြင့် ဖွဲ့စည်းထားသည့် ရေဒီယိုတယ်လီ စကုပ်ဖြစ်သည်။

Sp ARCS 1049 ကြယ်စု အစုအဝေးမှ ထုတ်လွှတ်လိုက်သော ရေဒီယိုလှိုင်းများကို လေ့လာခြင်း ဖြင့် စကြဝဠာကြီး ဖွဲ့စည်းဖြစ်ပေါ် ပုံအစပိုင်းကာလနှင့်ပတ်သက်၍ သဲလွန်စများ တွေ့ရှိနိုင်ကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

Ref: Sputnik News

Trs: KKO