ဆေးလိပ်မသောက်သူများ အဆုတ်ကင်ဆာဖြစ်ပွားမှုက လေထုညစ်ညမ်းမှု ဒြပ်မှုန်များကြောင့်ဖြစ်နိုင်

News Image

  • ဆေးလိပ်မသောက်သူများ အဆုတ်ကင်ဆာဖြစ်ပွားမှုက လေထုညစ်ညမ်းမှု ဒြပ်မှုန်များကြောင့်ဖြစ်နိုင်

နယူးယောက် ဇူလိုင် ၄

ဆေးလိပ်သောက်သုံးခြင်း မရှိသူများကြား အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှု မြင့်တက်လာရ ခြင်း၏ နောက်ခံအကြောင်းတရား တစ်ရပ်မှာ အလွန်သေးငယ်သော လေထုညစ်ညမ်းမှု ဒြပ်မှုန်များကြောင့် ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၃ ရက် သတင်းများအရ သိရသည်။

အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ လေထုညစ်ညမ်းမှုပြင်းထန်သောနေရာများ၌ နေထိုင်သူများတွင် အဆုတ်ကင်ဆာ ဖြစ်ပွားစေနိုင်သည့် မျိုးဗီဇအပြောင်းအလဲများ ရှိလာတတ်ကြောင်း သိရသည်။

ဆေးလိပ်မသောက်သူများ၌ ဆေးလိပ်သောက်သုံးသူများကဲ့သို့ အဆုတ်ကင်ဆာဖြစ်စေနိုင်သည့်မျိုးဗီဇအပြောင်းအလဲများရှိလာမှုသည် PM 2.5ခေါ် လေထုညစ်ညမ်းမှု ဒြပ်မှုန်များနှင့် ဆက်စပ်နေနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

PM 2.5 လေထုညစ်ညမ်းမှု ဒြပ်မှုန်များသည် အရွယ်အစားအားဖြင့် ၂ ဒသမ ၅ မိုက်ခရိုမီတာ မျှသာရှိရာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲသို့ ဝင်ရောက်နိုင်ကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

အမေရိကန်သုတေသနပညာရှင်များသည် ဆေးလိပ်သောက်သုံးခြင်းမရှိဘဲ အဆုတ်ကင်ဆာဖြစ် ပွားခဲ့ရသူ လူနာဦးရေ ၁ဝဝဝ ခန့် ကိုလေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား- ရတနာပုံသတင်းစာ

Photo: drtanmoymedicaloncologist.com