နေအဖွဲ့အစည်းအတွင်းဝင်ရောက်လာသည့် တတိယမြောက် ကြယ်တာရာဟင်းလင်းပြင်ဖြတ် အာကာသဒြပ်ထည်က ကြယ်တံခွန်တစ်စင်းဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များပြောကြား
ဝါရှင်တန် ဇူလိုင် ၅
31/Atlas ဟူ၍ အမည်ပေးထားသည့် နေအဖွဲ့အစည်းအတွင်း ဝင်ရောက်လာသည့် တတိယမြောက် ကြယ်တာရာဟင်းလင်းပြင်ဖြတ် အာကာသဒြပ်ထည်သည် ကြယ်တံခွန်တစ်စင်းဖြစ်နိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက ပြောကြားသည်ဟု ဇူလိုင် ၄ ရက် သတင်းများအရ သိရသည်။
31/Atlas ကြယ်တာရာဟင်းလင်းပြင်ဖြတ် ကြယ်တံခွန်သည် လက်ရှိအချိန်တွင် အင်္ဂါဂြိုဟ်၏ နေပတ်လမ်းကိုကျော်ဖြတ်၍ နေအဖွဲ့အစည်းအတွင်း ဆက်လက်တိုးဝင်နေကြောင်း သိပ္ပံပညာရှင်များ၏ အဆိုအရ သိရသည်။
31/Atlas ကြယ်တံခွန်သည် အရွယ်အစားအားဖြင့် အချင်း ၁၀ ကီလိုမီတာမှ ကီလိုမီတာ ၂၀ ထိရှိနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက တွက်ချက်ထားကြောင်း သိရသည်။
နေအဖွဲ့အစည်းအတွင်း ဝင်ရောက်ခဲ့ဖူးသော ပထမဆုံးကြယ်တာရာ ဟင်းလင်းပြင်ဖြတ် အာကာသဒြပ်ထည်မှာ အိုမူအာမူအာ ဂြိုဟ်သိမ်ဖြစ်ပြီး ဒုတိယမြောက် အာကာသဒြပ်ထည်မှာ 21/Borisov ကြယ်တံခွန်ဖြစ်ကြောင်းသိရသည်။
ရတနာပုံသတင်းစာ