အနာဂတ်တိုက်ပွဲများအတွက် မျှော်မှန်းထုတ်လုပ်မယ့် ဥရောပရဲ့ ပဉ္စမမျိုးဆက် ပင်မတိုက်ပွဲဝင်တင့်
အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းများ ကိုအဓိကမှီခိုနေရတဲ့ ဥရောပဟာ သူတို့ ကိုယ်သူတို့အားကိုးတဲ့အနေနဲ့ စစ်လက်နက်ပစ္စည်းများကို အဆင့်မြှင့်တင် ထုတ်လုပ်ဖို့ကြိုးပမ်းလာနေပါတယ်။ ဒီလိုမျိုး ကြိုးပမ်းတဲ့ အထဲမှာ ပဉ္စမမျိုးဆက်ပင်မ တိုက်ပွဲဝင်တင့်လည်း အပါအဝင်ဖြစ်ပါတယ်။
အဲဒီတင့်ကိုထုတ်လုပ်ဖို့အတွက် ဥရောပကာကွယ်ရေး ရန်ပုံငွေထဲကနေယူရိုသန်း ၂၀ ထုတ်ယူသုံးစွဲထားတာဖြစ်ပြီး ထွက်ပေါ်လာမယ့်တင့်ကအနာဂတ်စိန်ခေါ်မှုများကို လိုက်လျောညီထွေရှိစွာ တုံ့ပြန်နိုင်စေမယ့် တင့်ထွက် ရှိလာဖို့ ရည်ရွယ်ထားတာပါ။
ဒီတင့်ကိုအဓိကထုတ်လုပ်မယ့်သူက ဂျာမနီရဲ့ KNDS Deutschland နဲ့ Rhein-metall Landsysteme တို့ဖြစ်ပါတယ်။
သူတို့က ပူးပေါင်းဆောင်ရွက်တာပါ။ ဒါ့အပြင် လိုအပ်တဲ့နည်းပညာအတွက် ဥရောပရဲ့ နာမည်ကြီးကုမ္ပဏီကလည်း ပူးပေါင်းပါဝင်ထားပါတယ်။
အဲဒီတင့်ရဲ့ ထူးခြားချက်ကတော့ ဒစ်ဂျစ်တယ်စနစ်နဲ့သွားတာပါ။ တစ်ခုနဲ့တစ်ခုကွန်ရက် ချိတ်ဆက်ပြီး ရရှိလာတဲ့သတင်း အချက်အလက်တွေကို ပေါင်းစပ်၍ အောင်မြင်မှုကို ရယူသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်စွမ်းအင်နဲ့မောင်းနှင် လည်ပတ်သွားမှာဖြစ်ပါတယ်။
MWD Web Portal