မကြာသေးမီကပေါက်ကြားလာတဲ့ S26 Ultra ရဲ့ ကင်မရာနဲ့ဘက်ထရီအချက်အလက်များ

News Image

  • မကြာသေးမီကပေါက်ကြားလာတဲ့ S26 Ultra ရဲ့ ကင်မရာနဲ့ဘက်ထရီအချက်အလက်များ

Samsung Galaxy  S26 Ultra   ကို လာမယ့်နှစ်မတိုင်မီအထိ တွေ့ရဖို့ကိုမျှော်လင့်လို့မရသေးပါဘူး။ ဒါပေမဲ့လည်း သူနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက် တချို့တော့ထွက်ပေါ်လာပါတယ်။ ဒီတစ်ခေါက် ထွက်ပေါ်လာတဲ့    အချက်အလက်တွေထဲမှာ အဓိကဖော်ပြထားတာက သူ့ရဲ့ဘက်ထရီ ပမာဏနဲ့   ကင်မရာ အချက်အလက်တွေဖြစ်ပါတယ်။

သူ့အရင်ထုတ်ထားတဲ့ Galaxy S25 Ultra ရဲ့ ဘက်ထရီပမာဏက 5000 mAh ရှိပါတယ်။ S26 Ultra မှာတော့ ဘက်ထရီ စွမ်းအင်ပမာဏကို ပြောင်းလဲထားခြင်းမရှိ ပေမယ့်   စွမ်းအင်သိပ်သည်းဆကိုတော့ ပြောင်းလဲထားတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက S26 Ultra ဟာ စွမ်းအင်သိပ်သည်း ဆပိုများတဲ့အတွက် ဘက်ထရီအရွယ်က လည်းပိုသေးပြီး အားသွင်းတဲ့အခါမှာ ပိုမြန်စေမှာဖြစ်ပါတယ်။

ကင်မရာပိုင်းနဲ့ပတ်သက်ရင်တော့ S26 Ultra ရဲ့ကင်မရာစွမ်းဆောင်ရည်က S25 Ultra လိုမျိုးပဲ 200MP အထိပါဝင်လာမှာ ဖြစ်တယ်လို့ Galaxy Club ရဲ့ထုတ်ပြန် ချက်ထဲမှာဖော်ပြထားပါတယ်။ ဒါပေမဲ့ ဆင်ဆာတွေကို အသစ်သုံးလာမလားဆို တာကိုတော့ မသိရသေးပါဘူး။ Galaxy S26 ဖုန်းတွေက ဒီနှစ်ကုန်တဲ့အထိမထွက် လာနိုင်သေးပေမယ့် နောက်ထပ်သတင်း တွေတော့ထွက်လာနိုင်ပါတယ်။

MWD Web Portal