လူပါ-လူမဲ့ပေါင်းစပ်ပျံသန်းနိုင်စွမ်းကိုသက်သေပြလိုက်တဲ့ အမေရိကန်
အမေရိကန်လေတပ်က အနာဂတ်စစ်မြေပြင်အတွက် လူပါ-လူမဲ့ပေါင်းစပ်တဲ့ ပျံသန်းနိုင်စွမ်းကို သက်သေပြလိုက်နိုင်ပါ တယ်။ အဲဒီသက်သေပြမှုမှာ F-16C Fig-hting Falcon နဲ့ F-15E Strike Eagle ဆိုတဲ့တိုက်လေယာဉ်များကိုမောင်းနှင်နေတဲ့ လေယာဉ်မှူးများက တစ်ချိန်တည်းမှာ XQ-58A Valkyrie ဒရုန်းနှစ်စင်းစီကို ထိန်းချုပ်နိုင်မှုပါဝင်ပါတယ်။
ဒီလိုလေ့ကျင့်မှုဟာ အမေရိကန်လေတပ်ရဲ့ အလိုအလျောက် တိုက်ခိုက်ရေးစနစ် ကိုလက်ရှိအသုံးပြုနေတဲ့ တိုက်ခိုက်ရေး အင်အားစုထဲကို ပေါင်းစပ်ထည့်သွင်းခြင်းအားဖြင့်ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ စစ်မြေပြင်မှာ လေကြောင်းအရေးသာမှုကို ထိန်းသိမ်းထားနိုင်စေဖို့ ရည်ညွှန်းလုပ်ဆောင်တာ ဖြစ်တယ်လို့ တာဝန်ရှိသူများကပြောထားပါတယ်။
MWD Web Portal
MM-News-Category