ဂြိုဟ်တုများ၏ ဘေးကင်းမှုကို ဆန်းသစ်ပေးမယ့် ဖြန့်နိုင်၊ ခေါက်နိုင်သော ဆိုလာပြားများ
ကမ္ဘာပတ်လမ်းအနိမ့်ဆိုတာ မိမိတို့ရဲ့ နေစကြဝဠာ အဖွဲ့အစည်းအတွင်း ဂြိုဟ်တုများ အများဆုံး လှည့်ပတ်သွားလာနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လှည့်ပတ်သွား လာနေတဲ့ ဂြိုဟ်တုထောင်ပေါင်းများစွာဟာ အလွန်မြန်ဆန်လှတဲ့ အရှိန်နဲ့သွားလာနေတာကြောင့် တစ်ချိန်ချိန်မှာဂြိုဟ် တုတွေတိုက်မိမှု ဖြစ်လာစေနိုင်ပါတယ်။
ဘယ်လောက်ထိအောင်လဲဆိုရင် အလွန်သေးငယ်လှတဲ့ ဂြိုဟ်တုရဲ့ အပျက်အစီးတစ်ခုက တစ်နာရီကို ကီလိုမီတာ ၂၈၀၀၀ အမြန်နှုန်းနဲ့သွားနေတာကြောင့် တိုက်မိပြီဆိုရင် တကယ့်ကိုပျက်စီး ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။ ဒီအတွက်ကြောင့် သိပ္ပံပညာရှင်များက ဂြိုဟ်တုတွေကို ဘေးကင်းမှုရှိအောင် ဖန်တီးဖို့လုပ်ဆောင်လာကြပါတယ်။
အဲဒီလုပ်ဆောင်မှုတွေထဲမှာ ဂြိုဟ်တုရဲ့ အသက်လို့ပြောရလောက်တဲ့ ဆိုလာပြားများကို အလွယ်တကူထိခိုက်မှုမရှိစေဖို့ ဆောင်ရွက်မှုပါပါတယ်။ ဒီဆောင်ရွက်မှုကတော့ ဆိုလာပြားများကို ဖြန့်နိုင်၊ ခေါက်နိုင်အောင် လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီနည်းပညာကို ဂျော်ဂျီယာပြည်နယ်အခြေစိုက် Atomic-6 ကုမ္ပဏီက ဖန်တီးလိုက်တာဖြစ်ပြီး "Light Wing" လို့အမည်ပေးထားပါတယ်။
ဒီနည်းပညာရဲ့လုပ်ဆောင်မှုက ဂြိုဟ်တုအနေနဲ့ အန္တရာယ်များလှတဲ့ နေရာကို ရောက်သွားရင် ဆိုလာပြားများကို ခေါက်သိမ်းလိုက်မှာဖြစ်ပြီး ဘေးကင်းတဲ့ နေရာကိုရောက်ရင်တော့ ဆိုလာပြားဟာ ပုံမှန်အတိုင်းဖြစ်သွားမှာပါ။
MWD Web Portal