၁၁၁၈ မိုင်အကွာအဝေး ထိန်းချုပ်မှုအောက်မှာ အကင်ကင်ပေးနိုင်တဲ့ တရုတ်လူတူစက်ရုပ် Atom

News Image

  • ၁၁၁၈ မိုင်အကွာအဝေး ထိန်းချုပ်မှုအောက်မှာ အကင်ကင်ပေးနိုင်တဲ့ တရုတ်လူတူစက်ရုပ် Atom

တရုတ်နိုင်ငံရဲ့ စက်ရုပ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dobot Robotics က သူတို့ရဲ့လူတူစက်ရုပ် Atom ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ စက်ရုပ်နဲ့အတူ စက်ရုပ်ရဲ့ စွမ်းဆောင်ရည်ကိုပါ ထုတ်ဖော်ပြသလိုက်တာပါ။   စက်ရုပ်ရဲ့စွမ်းဆောင်ရည်က တကယ်ကိုပင် အထင်ကြီးစရာ ကောင်းလှပါတယ်။

ဒီစွမ်းဆောင်ရည်က ၁၁၁၈ မိုင်အကွာကနေ လူသားတစ်ဦးက Virtual Reality(VR)ကို အသုံးပြုပြီး စက်ရုပ်ကို အကင်ကင်ဖို့အတွက် စေခိုင်းနိုင်တာဖြစ်ပါတယ်။စက်ရုပ်ကလည်း အကင်ကိုကောင်းစွာ ကင်ပေးနိုင်တာ တွေ့ရပါတယ်။

ကွမ်တုံပြည်နယ်မှာရှိတဲ့ အင်ဂျင်နီယာတစ်ဦးက VR ကို အသုံးပြုပြီး လက်ဟန်ခြေဟန်နဲ့ အကင်ကင်တဲ့ ပုံစံလုပ်ပြတာပါ။ တစ်ချိန်တည်းမှာပဲ ရှန်းတုံပြည်နယ်မှာရှိတဲ့လူတူစက်ရုပ်က    အင်ဂျင်နီယာရဲ့ လှုပ်ရှားမှုအတိုင်း ချောမွေ့စွာ လုပ်ဆောင်နိုင်တာတွေ့ရပါတယ်။

စက်ရုပ် Atom ဟာ အကင်ကိုမှောက် ချည်လှန်ချည်လုပ်နိုင်တဲ့အပြင် သူ့ရဲ့လက်ချောင်းတွေကို အသုံးပြုပြီး ဆားဖြူးခြင်းကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ တကယ့်ကို လူသားတစ်ဦးရဲ့လုပ်ဆောင် မှုနဲ့ထပ်တူပါပဲ။   သူ့ရဲ့တိကျမှုက သုည ဒသမ ၀၅ မီလီမီတာအထိ   ရှိတယ်လို့ ဆိုထားပါတယ်။     

MWD Web Portal