EV ကားကို မိုင် ၁၈၀၀ အထိသွားနိုင်စေမယ့် ဘက်ထရီ

News Image

  • EV ကားကို မိုင် ၁၈၀၀ အထိသွားနိုင်စေမယ့် ဘက်ထရီ

လျှပ်စစ်စွမ်းအင်သုံးယာဉ်ဖြစ်တဲ့ EV ကားများကို တစ်ကြိမ်အားသွင်းလိုက်ရုံနဲ့ မိုင်ပေါင်း၁၈၀၀ သွားနိုင်စေမယ့် ဘက်ထရီ နည်းပညာအသစ်ကို  တရုတ်ကုမ္ပဏီဖြစ်တဲ့ ဟွားဝေကုမ္ပဏီက မူပိုင်ခွင့်တင်လာပါတယ်။ သူတို့ရဲ့မူပိုင်ခွင့်ထဲမှာ ဖော်ပြထားချက်အရ ဘက်ထရီရဲ့ စွမ်းအင်သိပ်သည်းဆက တစ်ပေါင်ကို ၁၈၀ မှ ၂၂၅ ဝပ်နာရီ အထိရှိမယ်လို့ဆိုပါတယ်။ ဒါဟာလက်ရှိ အသုံးပြုနေတဲ့ EV ဘက်ထရီများရဲ့ စွမ်းဆောင်ရည်ထက် နှစ်ဆမှ သုံးဆသာလွန်နေတာပါ။

ဟွားဝေကုမ္ပဏီအနေနဲ့ အသုံးပြုထားတဲ့ နည်းပညာက ဆာလဖိုက်လျှပ်လိုက်ရည်ကို နိုက်ထရိုဂျင်နဲ့စုပ်ယူခြင်းအားဖြင့် လီသီယံရဲ့ အပြန်အလှန် လုပ်ဆောင်မှုမှ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဓာတ်ပြုမှုကို လျော့ပါးစေမယ့် နည်းလမ်း အသုံးပြုထားတာ ဖြစ်ပါတယ်။     

MWD Web Portal